ပန်းဘဲတန်းမြို့နယ်တွင် ရွှေဆိုင်မှ ရွှေဆွဲကြိုး ခိုးယူသွားသူကို စီစီတီဗီမှတ်တမ်းမှတစ်ဆင့် ရဲစခန်း
သို့ အပ်နှံတိုင်ကြားခဲ့မှု မတ်လ ၃ ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် အဆိုပါရွှေဆိုင်မှ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့
တိုင်ကြားခဲ့ရာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ချိန်းလန်း ရွှေဆိုင်တွင်
အရောင်းတာဝန်ခံအဖြစ်ရှိနေစဉ် အမျိုးသမီး တစ်ဦးရောက်လာပြီး ကျပ် သုံးသိန်း တန် ရွှေဆွဲကြိုး
တစ်ကုံးဝယ်လိုကြောင်း ပြောဆိုသဖြင့် ကျပ် ၃၃၄,၂၀၀ တန်ဖိုးကို ပြသခိုင်းပြီး ၀ယ်ယူမည်ဆိုကာ
ဈေးတွက်ခိုင်းခဲ့ကြောင်းဆိုသည်။
ဈေးမတည့်သဖြင့် ပြန်လည်ထွက်ခွာသွားစဉ် မသင်္ကာသဖြင့် ရွှေဆွဲကြိုးကို ကြည့်ရှုခဲ့ရာ
ပျောက်ဆုံးနေပြီး စီစီတီဗီမှတ်တမ်းကို ကြည့်ရှုခဲ့ရာ အဆိုပါအမျိုးသမီးက ခိုးယူသွားသည်ကို
သိရှိခဲ့သည်။
ထို့နောက် မတ်လ ၃ ရက်နေ့ ညနေ ရ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသမီးကို မျက်စောင်းထိုးရှိ
နဝလီ ရွှေဆိုင်တွင် တွေ့ရသဖြင့် ခေါ်ဆောင်ကာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပန်းဘဲတန်း မြို့မရဲစခန်းက(ပ)၇၄/၁၄ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
အမှုဖြင့်စစ်ဆေးနေသူမှာ မအိဖြူ (ခ) အေးအေး (၃၂ နှစ်)ဖြစ်ကြောင်း သိရပြီး ဆက်လက်
အရေးယူထားကြောင်း သိရသည်။
















