သုံးခွမြို့နယ်တွင် မိန်းကလေးတစ်ဦး ဘောလုံးထိမှန် သေဆုံးခဲ့

သုံးခွမြို့နယ်တွင် မိန်းကလေးတစ်ဦး ဘောလုံးထိမှန် သေဆုံးခဲ့

သုံးခွမြို့နယ်တွင် မိန်းကလေးငယ်တစ်ဦး ဘောလုံးထိမှန်ကာ သေဆုံးခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု
မတ်လ ၅ ရက်နေ့ ကနေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၅ နာရီ ၂၅ အချိန်ခန့်တွင် သုံးခမြို့မရဲစခန်းမှ ဒုရဲအုပ်ညွန့်ဝင်း နှင့် အဖွဲ့သည်
သုံးခွဆေးရုံတွင် ဘောလုံးထိမှန်သည့် ကလေးငယ်တစ်ဦး ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၅ နှစ် အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး နေအိမ်အနီးရေကန်ဟောင်းထဲတွင်
ကစားနေသော ယောကျင်္ားလေး သုံးဦးကန်လိုက်သည့် ဘောလုံးက ထိုမိန်းကလေး၏ ၀ဲဘက်
၀မ်းဗိုက် ကိုထိမှန်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ထိမှန်ပြီးနောက် ဗိုက်အောင့် ဝေဒနာရရှိကာ ဆေးရုံသို့ တက်ရောက်ကုသနေစဉ်
သေဆုံးခဲ့ကြောင်း သိရသည်။

သုံးခွမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။