လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသူကို အရေးယူပေးရန် တိုင်ကြား

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသူကို အရေးယူပေးရန် တိုင်ကြား

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား တိုက်ရိုက်ဖောက်သွယ်တန်း အသုံးပြုသူကို
အရေးယူပေးရန် တိုင်ကြားခဲ့မှု မတ်လ ၄ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်
ဖေဖော်ဝါရီလ ရက်နေ့ ညနေ ၄ နာရီ ၄၅ အချိန် လျှပ်စစ်ဓါတ်အားကို တရားမဝင်သုံးစွဲနေကြောင်း
သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်၊ ဂန္ဓမာလမ်း၊ တိုက်အမှတ်(၁၀)သို့
သွားရောက် စစ်ဆေးရာ (၅)လွှာရှိအခန်းတွင် အဆိုပါတိုက်၏ အခန်း(၈)ခန်းအတွက် လျှပ်စစ်ဓါတ်
အားပေးထားသည့် မီတာဘောက်မှ 1c x 25mm2 ကြိုး(၄)ချောင်းဖြင့် လျှပ်စစ်ဓါတ်အားကို
တိုက်ရိုက်ဖောက်ယူကာ အခန်းသို့ သွယ်တန်း သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ခိုးယူသုံးစွဲသူ
ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၁၄၂/၁၄၊ ရန်ကုန်မြို့ တော်လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့
ဥပဒေပုဒ်မ ၃၃/၃၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။