အက်ဆစ်ဖြင့်ပက်သူကိုပြည်သူက ကူညီစုံစမ်းဖော်ထုတ်ပေးရန် သက်ဆိုင်ရာက အကူညီ
တောင်းခံခဲ့ကြောင်းသိရသည်။ ကမာရွတ်မြို့နယ်နေ ဦးအောင်ကိုကို၏နေအိမ်သို့ လင်မယားချင်း
စကားများပြီး ခေတ္တ ရောက်ရှိနေထိုင်နေသည့် ဦးအောင်ကိုကို၏ တူမတော်စပ်သူ မကြည်မွေ့
အိမ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ စော်ဘွား
ကြီးကုန်း၊၀ါခင်းကျောင်းလမ်း၌ နေထိုင်သော ၎င်းနှင့်ခွဲခွာနေသည့် ခင်ပွန်းဖြစ်သူ သန်းထိုက်ဦး
(ခ)နေထွဋ်ထံရှိ သားဖြစ်သူကလေးငယ်ကို ခေါ်ဆောင်ရန်သွားရောက်ခဲ့ကြစဉ် နေအိမ်အထိ
ကားဝင်၍မရသဖြင့် ၀ါခင်းကျောင်းလမ်း အလယ်လောက်၌ ဦးအောင်ကိုကို မှကားရပ်ပြီးစောင့်
နေခဲ့ကာ မကြည်မွေ့အိမ် တစ်ဦးတည်း သွားရောက်ခဲ့သည်။ ထိုသို့ သွား ရောက်ခဲ့ သည့်
မကြည်မွေ့အိမ်မှာ ပြန်မလာဘဲအချိန်ကြာနေသဖြင့် ဦးအောင်ကိုကိုက လိုက်သွားကြည့်ရာ
မကြည်မွေ့အိမ်၏ မျက်နှာနှင့်ဝဲ/ ယာပေါင်တို့တွင် အက်စစ်အရည်များ ပေလျက်အသားများ
လောင်ကျွမ်းထားသည်ကို တွေ့ရှိရပြီး လင်မယား(၂)ဦးတွေ့ဆုံစကားများ ကြခိုက် သန်းထိုက်ဦး
(ခ)နေထွဋ်မှ အက်စစ်ဖြင့်ပက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသော ကြောင့် အရေးယူပေးပါရန်
ဦးအောင်ကိုကိုမှ တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၃၉/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့်
အရေးယူခဲ့ ကြောင်းသိရသည်။
ထိုသို့ အခင်းဖြစ်ပွား ပြီးချိန် တွင် ထွက်ပြေးတိမ်းရှောင်သွားသည့်ပြစ်မှုကျူးလွန်သူ သန်းထိုက်ဦး
(ခ)နေထွဋ်ကို ဖမ်းဆီးရမိ ရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိသည်။ အမှုဖြင့် ထွက်ပြေး တိမ်း
ရှောင် နေသည့် သန်းထိုက်ဦး(ခ)နေထွဋ်၊(၂၇ နှစ်)၊ ယာဉ်မောင်း၊ ၁၂/ထတပ(နိုင်)၁၂၉၀၇၁၊
အမှတ်(မရှိ)၊ ၀ါခင်းကျောင်းလမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူကို အမြန်ဆုံး
ဖမ်းဆီး ရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်လည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများ
ရရှိပါက အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန် မေတ္တာရပ် ခံ
ထားသည်။
၀၁-၂၃၀၀၇၄ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)၀၉- ၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊
ရန်ကုန်တိုင်းဒေ သကြီးရဲ တပ်ဖွဲ့ မှူးရုံး)၀၉- ၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲ
တပ်ဖွဲ့မှူးရုံး) ၀၁-၆၄၅၈၂၀(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊၀၁-၆၄၅၈၂၁(အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့
မှူးရုံး)၊ ၀၁- ၆၄၅၈၁၉(အင်းစိန်မြို့မရဲစခန်း)။

















