ခိုးမှုကျုးလွန်သည့် ရဲဘက်ပြေးကို ဖမ်းဆီးစစ်ဆေး

ခိုးမှုကျုးလွန်သည့် ရဲဘက်ပြေးကို ဖမ်းဆီးစစ်ဆေး

ဒလမြိုနယ်အတွင်း မင်္သာသူကိုဖမ်းဆီး စစ်ဆေးခဲ့ရာက ရဲဘက်ပြေးခိုးမှုများပေါ်ပေါက်ခဲ့မှု ဖေဖော်
၀ါရီလ ၂၄ ရက်နေ့ ရက်နေ့ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ နံနက် ရ နာရီ အချိန်တွင် ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည်
နယ်မြေသတင်းစုံစမ်းစဉ် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်း၌ ၂၀၁၂ခုနှစ်က ခိုးမှု(၇)မှုဖြင့် ထောင်ဒဏ်
(၄)နှစ်ကျော် ကျခံနေရ စဉ် ရဲဘက်စခန်းမှထွက်ပြေးလာသူ ဇာနည်အောင်(ခ) ကျော်သက် အား
တွေ့ရှိသဖြင့်ဖမ်းဆီး စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထား သည့် ကျောပိုး အိတ်အတွင်းမှ ဖုန်းဟန်း
ဆက် အမျိုးအစား မျိုးစုံ(၁၄)လုံး၊ Tablet PC (၃)လုံး၊ ၅၀၀၀တန် ငွေဖြည့်ကဒ်(၁)ကဒ်၊ ငွေကျပ်
(၄၇၀၀၀)၊ ငွေစုစာအုပ် (၁)အုပ်၊ ဘေးလွယ်အိတ်(၂)အိတ်၊ နိုင်ငံသားစိစစ်ရေးကဒ် (၂)ခုနှင့် ယာဉ်
မောင်းလိုင်စင်(၁)ခုတို့အားလည်းကောင်း၊ ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ ခေါက်ဓါး(၁)
ချောင်းအား လည်းကောင်းတွေ့ ရှိသိမ်းဆည်းရ မိခဲ့ပါသည်။

၎င်းအားဖမ်း ဆီးရမိစဉ်တွင် ခါးကြားမှ အရိုးအသွား(၈)လက်မခန့် ရှိခေါက်ဓါး တွေ့ရှိသိမ်းဆည်း
ရမိမှုကို ဒလမြို့မရဲစခန်း(ပ)၇၆/၁၄၊ လက်နက်ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး၊ ကျောပိုးအိတ်
အတွင်းမှတွေ့ရှိသည့်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၃
နာရီအချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ် ကွက်ရှိဖုန်းအရောင်းဆိုင်မှ ခိုးယူလာခဲ့သော
ပစ္စည်းများဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းနေ့ နံနက်က မြောက်ဥက္ကလာမြို့နယ်၊ (ဌ)ရပ်ကွက်
ရှိ ဦးဇော်မျိုးအောင်၏ ဖုန်းအရောင်း ဆိုင်မှပစ္စည်းများ ခိုးယူခံရသောကြောင့် ဝေဘာဂီနယ်မြေ
ရဲစခန်းတွင် အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိသော (ပ) ၆၀/၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုပေါ်ပေါက်ခဲ့သည်။

ဇာနည်အောင်(ခ)ကျော်သက် အခြားအမှုများကျူးလွန်ထားခြင်း ရှိ/မရှိဆက်လက်စစ်ဆေးရာ
၂၀၁၄ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းက ညအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းရှိ
ဖုန်းဆိုင်အတွင်းမှ ဖုန်းဟန်းဆက်(၁၇)လုံးနှင့် Laptop ကွန်ပျူတာ(၁)လုံး တို့အား လည်း
ကောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်းက ညအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်ရှိ
လမ်းပေါ်တွင်သော့တန်းလန်းဖြင့် ရပ်ထားသော SUZUKI Smash နက်/ ပြာ ရောင်ဆိုင်ကယ်(၁)
စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင် ရာ ရဲစခန်းများတွင်
အမှုများထပ်မံဖွင့်လှစ်ကာသက်သေခံပစ္စည်း များသိမ်းဆည်းပြီး အရေး ယူဆောင်ရွက်လျက်ရှိ
ကြောင်းသိရသည်။