ရွှေပြည်သာမြို့နယ်တွင် ခဲအိုဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ
၆ ရက်နေ့ကဖြစ်ပွားခဲ့သည်။ မတ်လ ၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က အသက် ၂၂ နှစ်အရွယ်
အမျိုးသမီးတစ်ဦးသည် သာဓုကန်စက်မှုဇုန်မှ စက်ဘီးဖြင့်ပြန်လာစဉ် ၂၆ ရပ်ကွက် နွားခြံကုန်း
အရောက် လူပြတ်နေ သဖြင့် ယောက္ခမ နေအိမ်တွင်ညအိပ် ရန်သွားခဲ့သည်။
ယောက္ခမက နေအိမ်သို့ပြန်ရန် ပြောပြီး ခဲအိုဖြစ်သူ သိန်းဌေး(၃၂ နှစ်)ကို ပြန်ပို့ပေးရန် ခိုင်း
လိုက်သဖြင့် လိုက်ပို့စဉ် စက်မှုဇုန်အပိုင်း(၃/၄) ပတ်လမ်း အရောက် သိန်းဌေးမှ အပေါ့သွား
မည်ဟုပြောဆိုသဖြင့် ရပ်စောင့်ခဲ့သည်။ အပေါ့သွားပြီး ပြန်လာစဉ် သိန်းဌေးက နောက်မှ
သိုင်းဖက်ကာ အစ်ကိုကြီးချစ်နေတာကြာပြီဟု ပြောဆိုကာ သားမယားအဖြစ်ခြိမ်းခြောက်
ပြုကျင့်ခဲ့သော ကြောင့် အရေးယူ ပေးရန်တိုင် ကြားခဲ့သည်။ လှော်ကားနယ်မြေရဲစခန်းက
(ပ)၅၀/၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
















