ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို

ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို

လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့်စကားများသည့်ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ
၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လှည်းကူးမြို့နယ်
ဖောင်ကြီးနယ် မြေရဲစခန်းမှ ဒုရဲအုပ် နေစိုးနှင့်အဖွဲ့သည် ကတက်ခေါင်း တောစခန်းတွင်လူတစ်ဦး
ဆွဲကြိုးချ သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ် ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါ တောစခန်းရှိ အမြင့် ၁၂ ပေ ခန့်ရှိ ပျဉ်းမပင်သစ်ကိုင်းတွင် ခါးပတ်ကြိုးဖြင့်
ဆွဲကြိုးချသေ ဆုံးနေသည်ကိုတွေ့ရှိသဖြင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာအသက် ၄၄ နှစ်အရွယ်
သက်နိုင် ဖြစ်ပြီး လွန်ခဲ့သောခုနှစ်ရက်ခန့်က အတူနေဇနီးဖြစ်သူနှင့်အတူ စကားများခဲ့ပြီး
နေအိမ်မှ နှင်ချခဲ့ရာ က ဆင်းသွားပြီးနောက်ခါးပတ်ဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

အလောင်း ကို မရမ်းချောင်းတိုက်နယ်ဆေးရုံသို့ပို့အပ်ပြီး ဖောင်ကြီးနယ်မြေရဲစခန်းက သေမှု
သေခင်း အမှတ်စဉ် ၂/၁၄ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။