ရေသုတ်တံနှင့် ကားမီးခွက်များဖြုတ်ယူမှုဖြင့် လူနှစ်ဦးကို ဖမ်းဆီး

ရေသုတ်တံနှင့် ကားမီးခွက်များဖြုတ်ယူမှုဖြင့် လူနှစ်ဦးကို ဖမ်းဆီး

ရပ်ထားသည့်ကားများမှ ရေသုတ်တံနှင့် ကားမီးခွက်များဖြုတ်ယူခဲ့သည်ဆိုသူများကို သက်ဆိုင်
ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲ
တပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြံုရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅
/၁၄၊ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုဖြင့် အရေးယူထားသည့်ရွှေပြည်သာမြို့နယ်၊(တ/၁၅)ရပ်ကွက်နေသူ
များဖြစ်ကြသော ဝေလင်းထွန်း နှင့် မင်းမောင်မောင်ဝင့်တို့(၂)ဦးအား အခြားခိုးမှုများ ကျူးလွန်
ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ သည်။

ထိုသို့စစ်ဆေးခဲ့ရာ ဝေလင်းထွန်းသည် ၎င်းတစ်ဦးတည်း ၂၀၁၃ခုနှစ်နိုဝင်ဘာလ အတွင်းက
ညအချိန်များတွင် ကြည့်မြင်တိုင်မြို့နယ် အနောက်ပိုင်းဆေးရုံ အနီးလမ်းမပေါ်၌ ရပ်ထား သောဆူဇူကီးယာဉ်(၃)စီးမှနောက်မီးခွက်(၃)စုံအားလည်းကောင်း၊အလုံမြို့နယ်၊အထက်
ကြည့်မြင်တိုင် လမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်ယာဉ်(၂)စီး၊ ဟွန်ဒါဖစ်ယာဉ်(၃)စီး၊
ဒီမီရိုယာဉ်(၃)စီး၊ ဆူဇူကီးဗစ်ယာဉ်(၁)စီးတို့မှ နောက်ရေသုတ်တံများအား လည်းကောင်း၊ ကမာရွတ်မြို့နယ်လှည်းတန်းဈေးအနီးလမ်းမပေါ်၌ရပ်ထားသည့်ဆူဇူကီးယာဉ်(၃)စီး၊ဟွန်ဒါဖစ်
(၃)စီး၊ပရိုဘောက်ယာဉ်(၁)စီး တို့မှ နောက်ရေသုတ်တံများနှင့် ဆူဇူကီးယာဉ်(၂)စီးမှ နောက် မီးခွက်(၂)စုံအားလည်းကောင်းခိုးယူရောင်းချထားကြောင်းပေါ်ပေါက်သဖြင့်သက်ဆိုင်ရာ ရဲစခန်း
များတွင် အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်
သိမ်းဆည်းခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ဝေလင်းထွန်းနှင့်မင်းမောင်မောင်ဝင့်တို့(၂)ဦး သည် ယခုနှစ်ဖေဖော်ဝါရီလ
အတွင်းက ညအချိန်သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား အနီး လမ်းမ ပေါ်၌ရပ်ထားသည့်
ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ပရိုဘောက်ယာဉ်(၃)စီး၊ ဆူဇူကီး ယာဉ်(၃) စီးတို့မှ နောက်ရေသုတ်တံ
များနှင့် ဆူဇူကီးယာဉ်မှ နောက်မီးခွက်(၂)စုံအား လည်းကောင်း၊ ရတနာလမ်းမပေါ်ရှိ ကွန်ဒို
တိုက်ခန်းများရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ်ယာဉ်(၂)စီး၊ ပရိုဘောက်ယာဉ်(၂)စီးတို့မှ နောက်ရေ
သုတ်တံများနှင့် ဆူဇူကီးယာဉ်(၁)စီးမှ နောက်မီးခွက် ၁)စုံအားလည်းကောင်း၊ဗိုလ်တထောင်မြို့
နယ်၊ကမ်းနားလမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက် ယာဉ်(၅)စီး၊အေဒီဗင်ယာဉ်(၅)စီး၊ ဟွန်ဒါဖစ်ယာဉ်(၂)စီးတို့မှနောက်ရေသုတ်တံများအားလည်း ကောင်း၊တောင်ဥက္ကလာပမြို့နယ်
စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ် ယာဉ်(၄)စီး၊ဆူဇူကီးယာဉ်(၅)စီး၊ ပရို
ဘောက်ယာဉ်(၂)စီးတို့မှ နောက်ရေသုတ် တံများနှင့် ဆူဇူကီးယာဉ်၏နောက်မီးခွက်(၁)စုံတို့
အားလည်းကောင်း ခိုးယူခဲ့ကြပြီး ရောင်းချထားကြောင်း ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ ရဲစခန်း
များတွင်အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်း
ဆည်းခဲ့ကြောင်းသိရသည်။