စိတ်ကြွဆေးပြားအမြောက်အမြားဖမ်းဆီးရမိခဲ့မှု မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ဖြစ်ပွားခဲ့
ကြောင်းသိရသည်။ မတ်လ ၈ ရက်နေ့ ညနေ၆နာရီ ၁၅မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊
မင်္ဂလာတောင် ညွန့်မြို့နယ်၊ မြယာကုန်း လမ်းတွင် အမှတ်(၂၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း
ရေးရဲတပ်ဖွဲ့စု (ရန်ကုန်အနောက်)မှတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ
စောင့်ဆိုင်း နေစဉ်တာမွေမြို့နယ်၊မအူကုန်းရပ်ကွက်နေ စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်(၃၃)နှစ်၊
မောင်း နှင်ပြီး တာမွေမြို့နယ်၊ကျောက်မြောင်း ရပ်ကွက်နေ စောလွင်(ခ) စလင်း(၂၆)နှစ်၊ လိုက်
ပါလာ သည့်ကိုလိုလာဗင်အပြာရောင်ယာဉ် အား သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ခေါ်
ယူ စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ပီနံအိတ်ခွံဖြင့်ထည့်ထားသော အပြာရောင်ကပ်ခွာအိတ်
များအတွင်းမှဒဗလျှူဝိုင်စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား(၂၀၀,၀၀၀)ပြား နှင့်လက်ကိုင် ဖုန်း
၁ လုံးတို့အားတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်စစ်ဆေးချက်အရ စိုးမိုးနိုင် (ခ) ဇေယျာအူဟောက်၏ နေအိမ်အားည ရ နာရီအချိန်
သွားရောက်ရှာ ဖွေရာနေအိမ်အိပ်ခန်း အတွင်း၌ပီနံအိတ်(၁)လုံးတွင် ဒဗလျှူဝိုင် စာတန်းပါ အနီ
ရောင်စိတ်ကြွ ဆေးပြား (၂၀၀၀၀၀) ပြားစီပါ (၄) အိတ်၊ ဆေးပြား(၈၀၀၀၀၀)ပြား၊ ထပ်မံဖမ်းဆီး
ရမိခဲ့သောကြောင့် စုစုပေါင်း ဆေးပြား(၁၀)သိန်း၊အလေးချိန်(၁၀၀)ကီလိုဂရမ်တန်ဘိုးငွေကျပ်
(၅,၀၀၀,၀၀၀,၀၀၀) ကျပ်အား သိမ်းဆည်းရမိသဖြင့် စိုးမိုးနိုင်(ခ)ဇေယျာအူဟောက်နှင့်စောလွင်
(ခ)စလင်းတို့ (၂)ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမယ(ပ)၈/၁၄၊မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထား
ကြောင်း သိရ သည်။
















