မြောက်ဥက္ကလာပမြို့နယ်တွင် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဓါးဖြင့်ခုတ်သူကို အရေးယူ
ပေးရန်တိုင်ကြားခဲ့မှု မတ်လ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၉ နာရီအချိန်ခန့်တွင်အမှတ် ၅ လေကြောင်း အရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီး
ဟိန်းသီဟနိုင်သည် Public CDMAMobile Network ဆက်သွယ်မှုစနစ်ကို တာဝန်ယူ ဆောင်
ရွက်နေစဉ် မြောက်ဥက္ကလာပမြို့နယ်စာတိုက်မှ လေကြောင်းဦးစီးဌာနသို့ ဆက်သွယ် ထားသည့်
မြေအောက်ဖိုက်ဘာကေဘလ် ကြိုးပြတ်တောက်သွားခဲ့၍ လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ မြောက်ဥက္ကလာမြိုနယ် စာတိုက်(ဘီအီးအက်စ်) စတေရှင်မှ (၁.၂) ကီလိုမီတာ
အကွာအဝေးတွင် ဓါးခုတ်ရာဖြင့်ဖြတ် တောက်ထားသည့်ကို တွေ့ရှိခဲ့သည်။
Public CDMA Mobile Network ကို ဆက်သွယ်မှုစနစ်အတွက် အသုံးပြု ရန်တပ်ဆင်ထားသော
ဖိုက်ဘာ ကေဘယ်လ်ကြိုးပြန်လည်ပြင်ဆင်ရန် အမေရိကန် ဒေါ်လာ ၃၅၀ ကုန်ကျသဖြင့်
ကေဘယ်လ်ကြိုးကိုဓားဖြင့်ခုတ်သူကို စုံစမ်းဖော်ထုတ်ပေး ပါရန်တိုင်ကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ) ၁၈၀/၁၄ ပပက ၆(၁) အရ အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
















