မီးလောင်မှုဖြစ်ပွား
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် သံနန်းဆွဲလုပ်ငန်း မီးလောင်ဖြစ်ပွားခဲ့ပြီး ကျပ် ၁၁ သိန်းဖိုးခန့်
ဆုံးရှုံးခဲ့မှု မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၆၃ ရပ်ကွက်ရှိ ရတနာပုံ သံနန်းဆွဲလုပ်ငန်းတွင် ဟောင်းနွမ်းဆွေးမြေ့
နေသည့် လျှပ်စစ်ဝိုင်ယာကြိုးများ သုံးစွဲရာက အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် ကျပ် ၁၁ သိန်းဖိုးခန့်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးခင်မောင်လွင်ကို ဒဂုံမြို့သစ်တောင်ပိုင်း
မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။
















