အင်းစိန်ထောင်တွင်နိုင်ငံခြားသားအကျဉ်းသားတစ်ဦးသေဆုံး
အင်းစိန်ထောင်တွင် မတ်လ ၁၃ ရက်နေ့က နိုင်ငံခြားသားအကျဉ်းသားတစ်ဦး သေဆုံးခဲ့
ကြောင်း သိရသည်။
အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှဒုရဲမှူးမောင်မောင်ဦး နှင့် အဖွဲ့သည် အင်စိန်ဆေးရုံတွင် နိုင်ငံခြားသားအကျဉ်းသားတစ်ဦး သေဆုံးကြောင်းသတင်းအရ တွဲဖက်မြို့နယ်တရားသူကြီးဒေါ်ခင်နှင်းထွဋ်နှင့်အတူသွားရောက်စစ် ဆေးခဲ့သည်။
သေဆုံးသူ မှာ ရွှေဘိုတရားရုံးမှ ပြစ်မှုပုဒ်မ ၃၈၀၊ လဝကအက်၁၃(၁)၊တို့အရ ထောင်ဒဏ် ၈ နှစ်
ကျခံရ သည့်တူရကီနိုင်ငံ ကိုဂလပ်ဇီဇမစ်မြို့နေ မာမက်အလီ(၄၇ နှစ်)ဖြစ်ပြီး ဆီးချိုရောဂါဖြင့် သေဆုံးကြောင်းသိရပြီးအလောငး်ကိုအင်းစိန်ဆေးရုံသို့ပို့အပ်ကာအင်းစိန်မြို့မ
ရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၁၃/၁၄ ဖြင့်လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
















