ကျောက်တံတားမြို့နယ်တွင်ကုမ္ပဏီပိုင်ဇာတ်ညွှန်းစာအုပ်ကိုယူဆောင်သွားသည်ဆိုသည့် စီစဉ်
တင်ဆက်သူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ အတွင်းက အဆိုပါကုမ္ပဏီရှိ Presenter များနားနေခန်းတွင် လေ့လာဖတ်ရှု
နိုင်ရန် စာအုပ်စင်ပေါ်၌ ကာလတန်ဖိုးကျပ် ၁၂ သိန်းရှိ ရုပ်ရှင်ဇာတ်ကား ဇာတ်ညွန်းစာအုပ် ကို
တင်ထားခဲ့သည်။
စာအုပ်များကို ဌာနတွင်သာဖတ်ရှုရန်ဟု ညွှန်ကြားထားသော်လည်း ကုမ္ပဏီ Presenter Dept မှ
Presenter တာဝန်ထမ်းဆောင်သူ တောင်ဥက္ကလာပမြို့နယ်နေ အသက် ၂၁ နှစ်အရွယ် အမျိုး
သမီးက ခွင့်ပြုချက်မရှိဘဲ ယူသွားကြောင်း စုံစမ်းသိရသဖြင့် ဆက်သွယ်ခဲ့သော်လည်း ခရီးထွက်
နေပြီး ကုမ္ပဏီသို့ လာရောက်ပေးအပ်ရန် ပြောဆို သော်လည်း လာရောက်ပို့ဆောင်ခြင်းမရှိသဖြင့်
ကျောက်တံတားမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ အဆိုပါကုမ္ပဏီမှ စီမံကိန်းမန်နေဂျာက အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကျောက်တံတားမြို့မရဲစခန်းက(ပ)၇၉/၁၄ ပြစ်မှု့ပုဒ်မ ၃၈၁ အရ အမှုဖွင့်အရေးယူထား ကြောင်း
သိရသည်။
















