လက်မှတ်ရောင်းသူနှစ်ဦးက ကျပ် ၁၁၉ သိန်းကျော် တန်ဖိုးရှိနာရီ ၁၅၁ လုံးခိုးယူခဲ့ဟုဆို

လက်မှတ်ရောင်းသူနှစ်ဦးက ကျပ် ၁၁၉ သိန်းကျော် တန်ဖိုးရှိနာရီ ၁၅၁ လုံးခိုးယူခဲ့ဟုဆို

အဝေးပြေးခရီးသည်တင်ယာဉ်လက်မှတ်ရောင်းသူနှစ်ဦးက ကျပ် ၁၁၉ သိန်းကျော်
တန်ဖိုး ရှိနာရီ ၁၅၁ လုံးခိုးယူမှုကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့မှု မတ်လ ၁၂ ရက်နေ့က
ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အောင်ဆန်းကွင်းရှိ ခရီးသည် ပို့ဆောင်ရေး တစ်ခုမှ
တာဝန်ရှိသူသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ အောင်ဆန်း ကွင်းတောင်
ဘက်ရှိ ကုန်ပစ္စည်းလက်ခံဌာနတွင် နာရီကုမ္ပဏီတစ်ခုမှ နေပြည်တော် သို့ပေးပို့ရန် စက္ကူဖာ
(၅)ဖာ အပ်နှံလာ၍ လက်ခံထားရှိခဲ့သည်။

ညနေ ၆ နာရီ အချိန်ခန့် တွင် ၎င်းစက္ကူဖာများအနက် စက္ကူဖာ(၁) ဖာမှာ ပျောက်ဆုံးနေသည်
ကိုတွေ့ရှိခဲ့ သောကြောင့် အဆိုပါကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အတွင်း၌ နာရီမျိုးစုံ(၁၅၁)
လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ်(၁၁၉)သိန်းကျော် ပါရှိကြောင်းသိရဖြင့် အရေးယူ ပေးပါရန် ရဲထံ
တိုင်ကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၁၅၀/၁၄၊ ပြစ်မှုပုဒ်မ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ အမှုနှင့်
ပတ်သက်၍ ဖြစ်စဉ်အခြေအနေအသေးစိတ်အား စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အောင်ဆန်း
ကွင်းတွင် ခရီးသွားလက်မှတ်ရောင်းသူများဖြစ်ကြသည့် မင်္ဂလာတောင်ညွန့် မြို့နယ်နေ လှမင်း
(ခ)လှဌေး နှင့် ဇော်လတ် တို့ကို မသင်္ကာဖွယ်စိစစ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အရေး
ယူထားကြောင်း သိရသည်။