အမျိုးသမီးတစ်ဦး အဝတ်လှမ်းစဉ် ငါးလွှာမှပြုတ်ကျ သေဆုံး

အမျိုးသမီးတစ်ဦး အဝတ်လှမ်းစဉ် ငါးလွှာမှပြုတ်ကျ သေဆုံး

မင်္ဂလာတောင်ညွှန့်မြို့နယ် အမျိုးသမီးတစ်ဦး အဝတ်လှမ်းစဉ် ငါးလွှာမှပြုတ်ကျ သေဆုံး ခဲ့မှု
မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းရှိ တိုက်တစ်တိုက်၏ ၅ လွှာမှ အမျိုးသမီး (၁)ဦး
ပြုတ်ကျ သေဆုံး ကြောင်း သတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာမတင်တင်ရီ (၃၉)နှစ်
၊ ချောက်မြို့နယ် နေသူဖြစ်ပြီး ဦးခေါင်းနောက် စေ့ပေါက်ပြဲဒဏ်ရာ၊ နားနှင့်ပါးစပ်တို့ သွေးထွက်
ဒဏ်ရာ၊ ယာလက်ပွန်းပဲ့ ဒဏ်ရာများရရှိကာသေဆုံးနေသည်ကို တွေ့ရသည်။

စုံစမ်းရာ ၎င်းသည် အဆိုပါတိုက်ခန်းသို့ ချောက်မြို့နယ်မှလာရောက်၍ လည်ပတ်နေထိုင် သူဖြစ်
ပြီး နံနက် ၁၀ နာရီ ၄၅အချိန်ခန့်တွင် တိုက်ခန်းရှေ့ဝရန်တာတွင် အဝတ်လှန်းရာမှ ပြုတ်ကျခဲ့ခြင်း
ဖြစ် ကြောင်း သိရသည်။မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၇/၁၄)ဖြင့်
ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။