သားမယားပြုကျင့် ရိုက်နှက်ခဲ့သူကို ဖမ်းဆီးစစ်ဆေး

သားမယားပြုကျင့် ရိုက်နှက်ခဲ့သူကို ဖမ်းဆီးစစ်ဆေး

လှိုင်သာယာမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်ကာ ရိုက်နှက်ခဲ့သည်ဆိုသူကို
မတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါနေ့ ည ၈ နာရီ အချိန်တွင်
လှိုင်သာယာမြိုနယ်နေ အမျိုးသားတစ်ဦးသည် ၎င်းအလုပ် လုပ်ကိုင်သော လှိုင်သာယာမြို့နယ်ရှိ
အိမ်ရာဆောက်လုပ်ရေးဝင်း အတွင်း၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် တွေ့ရကြောင်းကြားသိရ
၍ သွားရောက်ကြည့်ရှုရာ ဒဏ်ရာ ရရှိသူမှာ၎င်း၏ဇနီးဖြစ်သူ ဖြစ်ပြီး နဖူး၊ နောက်စေ့၊ အပေါ်နှုတ်ခမ်း၊
မေးရိုး၊ ၀ဲလက်တို့တွင်ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ယာလက်ကျိုးဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိရသဖြင့် လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့သည်။

ဆောက်လုပ် ရေးဝင်းအတွင်း အတူအလုပ်လုပ်ကိုင်သူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊
၀ုိင်ကျွန်းရွာနေ ငထိုက်(ခ)၀င်းမင်းထိုက်၊(၂၄နှစ်)က ထိုအမျိုးသမီးထံ ငွေ(၆၀၀၀) ကျပ် တောင်းရာ
ထိုအမျိုးသမီးက မပေးသဖြင့် အလိုမတူဘဲ သားမယား အဖြစ်(၁) ကြိမ်ပြုကျင့်ခဲ့ပြီး မည်သည့်အရာ နှင့်ထုရိုက်ခဲ့သည်ကိုမသိရှိကြောင်း၊ထိုသို့ထုရိုက်ခဲ့သဖြင့်ဒဏ်ရာများရရှိခဲ့သဖြင့်
အရေးယူပေးရန် အဆိုပါအမျိုးသမီး၏ ခင်ပွန်းကရဲထံတိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်း (ပ)၃၁၁/၁၄၊ပြစ်မှုပုဒ်မ-၃၇၆/၃၂၅ အရအမှုဖွင့်စုံစမ်းခဲ့ သည်။ ငထိုက်(ခ)
၀င်းမင်းထိုက်မှာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်း ရှောင်သွားသဖြင့် စုံစမ်းစစ်ဆေးနိုင်ရန် အတွက် ဆက်စပ်ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့လည်းကူညီစုံစမ်းဖမ်းဆီးပေးရန်ဆက်သွယ်အကြောင်း
ကြားခဲ့ရာ မတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်
မြို့နယ်ရဲတပ်ဖွဲ့၊ မင်းလမ်း သံဆိပ်နယ်မြေရဲစခန်းက ၎င်း၏ဇာတိဖြစ်သော ၀ုိင်ကျွန်းရွာ၌ ဖမ်းဆီး
ရမိ ခဲ့သဖြင့် လွဲပြောင်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။