တရားမဝင်ကျွဲနွားများ ဖမ်းမိ

တရားမဝင်ကျွဲနွားများ ဖမ်းမိ

မတ်လ ၁၆ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုဖြင့် အမှတ် ၃၆ စစ်ရေယာဉ်စု
လက်အောက်ခံတပ်မှ ထောက်ပံ့ရေးရေယာဉ် ၆၂၃ သည် မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း
စစ်ဆေးရေးတာဝန်ထမ်း ဆောင်နေစဉ် ဖျာပုံဘက်မှ ကျိုက္ခမီဘက်သို့ ခုတ်မောင်းနေသည့်
စက်တပ်လှေတစ်စီးကို တွေ့ရှိသဖြင့် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွား
ခဲ့သည်။

ထိုသို့မောင်းနှင်ထွက်ပြေးစဉ် လိုက်လံဖမ်းဆီးခဲ့ရာ ပင်လယ်ဝတောင်ဘက် ခုနစ်မိုင်ခန့် ရေပြင်တွင်
ည ၁၀ နာရီ ၄၅ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့သည်။

လှေပေါ်တွင် မွန်ပြည်နယ်နေ ပဲ့နင်း လှဌေး၊ စက်ဆရာ သန်းနိုင်၊ လှေသား သိန်းလွင်၊ တင်မောင်ဌေး
နှင့် ၀င်းဇော်တို့ကို ကျပ် ၅၇ သိန်း တန်ဖိုးရှိ ကျွဲ ၁၉ ကောင်၊ အလျား ၄၄ ပေရှိ လိုင်စင်မဲ့စက်တပ်
လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။