တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းအိမ်သာ၌ မြွေကိုက်ခံရ

တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းအိမ်သာ၌ မြွေကိုက်ခံရ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တက္ကသိုလ် ၀န်ထမ်းဖြေဆိုသူ ကျောင်းသားတစ်ဦး မတ်လ
၁၇ ရက်နေ့က မြွေကိုက်ခံခဲ့ရသည်။

အဆိုပါ နေ့ နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အထက(၃)
စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
၁၈ ရပ်ကွက်နေ မောင်သက်ထွန်းဦးသည် ကျောင်းအိမ်သာသို့ သွားရာမှ ခြေမျက်စေ့အထက်နားသို့
မြွေကိုက်ခံရသဖြင့် ဒဂုံတောင်မြို့နယ်ဆေးရုံမှတစ်ဆင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ထိုမှတစ်ဆင့်
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှု ခံယူလျက်
ရှိသည်။