သင်္ဘောသား စာရွက်စာတမ်း အတုပြုလုပ်ပေးနေသူ ဖမ်းမိ

သင်္ဘောသား စာရွက်စာတမ်း အတုပြုလုပ်ပေးနေသူ ဖမ်းမိ

မတ်လ ၁၁ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်
အဖွဲ့သည် သင်္ဘောသားစာရွက်စာတမ်းများ အတုပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်
မြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စုစုအား ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းထံမှ သင်္ဘောသားမှတ်ပုံတင်လက်မှတ်
စာအုပ်အတု သုံးအုပ်ကို လက်ဝယ်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါစာအုပ်များနှင့် ပတ်သက်၍ စစ်ဆေးရာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လခန့်က အတုပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး သင်္ဘောလိုင်းများနှင့် ဆက်သွယ် ဆောင်ရွက်ပေးရန် လက်ဝယ်ထားရှိခြင်းဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဒေါ်စုစုအား ဗိုလ်တထောင်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ၄၂၀/၄၆၆/၄၇၄ အရ အမှုဖွင့်အရေးယူထား
သည်။