ပုံနှိပ်စက် မီးလောင်ကျွမ်းမှုဖြစ်

ပုံနှိပ်စက် မီးလောင်ကျွမ်းမှုဖြစ်

ဗိုလ်တထောင်မြို့နယ်တွင် မတ်လ ၁၆ ရက် နေ့ ည ရ နာရီ ၁၅ အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊
၁၀ ရပ်ကွက်၊ ၄၅ လမ်းရှိ ရွှေင်္ဟသာပုံနှိပ်စက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ည ရ နာရီခွဲတွင် မီးငြိမ်း
သွားခဲ့သည်။

စစ်ဆေးမှုများအရ ပုံနှိပ်စက်၏ မော်တာမှာ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ အနီးရှိ ပုံနှိပ်စက္ကူ
ဖြတ်စများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေ ကျပ် ၅၀,၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း
သိရှိရသဖြင့် ပုံနှိပ်စက်ပိုင်ရှင်ဖြစ်သူ ဦးတင်ထူးကို ဗိုလ်တထောင် မြို့မရဲစခန်းက ပြစ်မှုပုဒ်မ၂၈၅ အရ
အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။