ရွှေပြည်သာမြို့နယ်တွင် သမီးဖြစ်သူကို ဆေးဝါးဖြန်ဖြူးရေးစက်ရုံတွင်အလုပ်ရမည်ပြောဆိုကာ တရုတ်နိုင်ငံတွင် ရောင်းချခဲ့သည်ဆိုသူကိုအရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၁၈ ရက်နေ့ က
ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နေ့လည် ၃ နာရီခွဲအချိန်ခန့်က ရွှေပြည်သာမြို့နယ်နေ အသက် ၆၀ အရွယ် အမျိုး
သမီးတစ်ဦးမှ သက်ဆိုင်ရာသို့ လာရောက်တိုင်ကြားခဲ့ရာတွင် လွန်ခဲ့သော နှစ်နှစ်ကျော် ခန့်က
အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေစဉ် ရွှေပြည်သာမြို့ နယ်မစိုးစိုး
ရောက်လာပြီးရှမ်းပြည်နယ်ရှိဆေးဝါးဖြန်ဖြူး ရေးစက်ရုံတွင် အလုပ်ကိုင်ရန်အတွက် လူလိုကြောင်း
တစ်လလျှင် တစ်သိန်းခွဲနှစ်သိန်းရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။
၂၀၁၂ ခုနှစ် နို၀င်ဘာလ ရ ရက်နေ့တွင် သမီးဖြစ်သူကို ခေါ်ဆောင်သွား ခဲ့ရာက အဆက် အသွယ်
လုံးဝမရရှိတော့ကြောင်း၊ ယခုနှစ် မတ်လ ၁၃ ရက်နေ့တွင် သမီးဖြစ်သူက လက်ကိုင်ဖုန်းသို့ဆက်သွယ်ကာတရုတ်ပြည်ရှန်ဟိုင်းမြို့သို့ရောက်နေကြောင်း၊မစိုးစိုးက တရုတ် အမျိုးသားတစ်ဦးထံရောင်းချခဲ့ကြောင်းယခုအခါကလေးတစ်ယောက်ရရှိနေပြီဖြစ် ကြောင်း ၎င်းကိုပြန်လည်ခေါ်ယူနိုင်ရန်ဆောင်ရွက်ပေးရန်ပြောကြားခဲ့သောကြောင့်အရေးယူပေးရန် တိုင်ကြား
ခဲ့သည်။
ရွှေပြည်သာမြို့မရဲစခန်းက(ပ)၁၇၄/၁၄ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဒဂုံအရှေ့ပိုင်းမြို့နယ်တွင်နေအိမ်ဘုရားစဉ်အောက်တွင်
ထားသည့်ငွေကျပ် ၂၆သိန်းအပြင်သွား စဉ်ခိုးယူ ခံရသည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁၇ ရက်နေ့
ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ဒေါ်ထား ထားနွယ်
သည် သမီးဖြစ်သူနှင့်အတူ ရန်ကင်းမြို့ နယ်သို့ သွားရောက်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ အချိခန့်တွင်
နေအိမ်သို့ပြန်လာစဉ် ဘုရားကျောင်း ဆောင်ဗီဒိုထဲတွင်သိမ်း ဆည်းထားသည့် ကျပ် ၂၆သိန်း
ပျောက်ဆုံးနေသည်ကိုသိရသဖြင့် အရေးယူပေးရန်တိုင်ကြား ခဲ့သည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့မရဲစခန်းက(ပ)၁၁၆/၁၄ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း
သိရသည်။ လှိုင်သာယာမြို့နယ်တွင် ဂျက်ဆင်ဘုတ်တပ်ဆင်သူအမျိုးသားတစ်ဦး ဓာတ်လိုက်
သေဆုံးခဲ့မှု မတ် ၁၈ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၂ နာခွဲအချိန်ခန့်တွင်
လှိုင်သာယာမြို့မရဲစခန်းမှ ဒုရဲမှူးသောင်းစိန်နှင့်အဖွဲ့သည်လှိုင်သာယာဆေးရုံသို့အမျိုးသားတစ်ဦး
ဓာတ်လိုက်သေဆုံးရောက်နေကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့သည်။သေဆုံးသူမှာ
တောင်ဥက္ကလာပမြို့နယ်နေ ၀ရိန်လုပ်သား ပြည်ဖြိုးကျော် ဖြစ်ပြီး မွန်းလွဲ ၂ နာရီအချိန်ခန့်က
စက်မှုဇုန် ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် ဂျက်ဆင်ဘုတ်တပ်ဆင်နေစဉ် လျှပ်စစ်ဂန်းဖြင့် မူလီ
စုပ်နေစဉ် ပေါက်ပြဲနေသည့်ဝါယာကြိုးဖြင့်ထိမိကာ ဓာတ်လိုက်ခဲ့ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
လှိုင်သာယာမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ်၁၃/၁၄ဖြင့်အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။ ကမာရွတ်မြို့နယ်တွင် အိမ်အကူဖြစ်သူကို ငြင်းပန်းနှိပ်ဆက်သည်ဆိုကာတိုင်ကြား
ခဲ့သည်ဆိုမှု မတ်လ ၁၉ ရက်နေ့ကဖြစ်ပွားခဲ့သည်။
မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၂၀ အချိန်ခန့်တွင် တောင်တွင်းကြီးမြို့နေ မသီတာဝင်း သည်
သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှစတင်ကာ ကမာရွတ်မြို့ နယ်နေ
ဒေါ်ခါးခါး(၄၀ နှစ်)နေအိမ်တွင် အိမ်အကူအဖြစ်လုပ် ကိုင်ခဲ့ကြောင်း၊မတ်လ ၁၀ ရက်နေ့တွင်
ဒေါ်ခါးခါး(ခ)ဒေါ်စီစီလျာ မှ အလုပ်လုပ်ကိုင် သည်ကိုမကျေနပ် သဖြင့်ဆဲဆိုကာ မီးပူနှင့်ထိုးခြင်း၊ရေနွေးဖြင့်လောင်ခြင်း၊လက်သီးဖြင့်ထိုးခြင်း၊သံတုတ်ဖြင့်ရိုက်ခြင်းတို့ကြောင့်ထိခိုက် ဒဏ်ရာများရရှိခဲ့ကာနေအိမ်တွင်သော့ပိတ်ထားခဲ့ကြောင်းဆိုသည်။
မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲတွင်ငွေကျပ် ၅၀၀ ပေးကာ ဆပ်ပြာ ၀ယ်ခိုင်းခဲ့ကြောင်းအဆိုပါ
ငွေကို တာဝါ လုံခြုံရေးမှတစ်ဆင့် ဒေါ်ခါးခါး(ခ)ဒေါ်စီစီလျာ ထံပြန် ပေးကာထွက်ပြေးခဲ့ပြီး အစ်မဖြစ်
သူထံ အကြောင်းကြားကာအရေးယူပေါ်ရန်တိုင်ကြားခဲ့သည်။
ကမာရွတ်မြို့မရဲစခန်း က(ပ)၁၁၅/၁၄ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/၃၄၂ အရ အမှုဖွင့် အရေးယူထား
ကြောင်းသိရ သည်။ သာကေတမြို့နယ်တွင်အငှားယာဉ်မောင်းမျက်နှာကိုပုဆိုးဖြင့်အုပ်ကာ
ငွေတောင်းခဲ့သည်ဆိုသူ ကိုဖမ်း ဆီးရမိခဲ့မှု မတ်လ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းသိရသည်။
မတ်လ ၁၃ ရက်နေ့ ရက်နေ့ ၉ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ အငှား ယာဉ်မောင်း
ဦးနိုင်ဦးသည် ၎င်း၏အငှားယာဉ်ဖြင့် သာကေတမြို့နယ်၊ရှုခင်းသာလမ်း အတိုင်း မောင်းနှင်လာစဉ်(၅)ကွေ့မှတ်တိုင်အနီးအရောက်အမျိုးသား(၂)ဦးမှနောက်ဘက်(၂)မှတ်တိုင် ခန့်သို့ငှားသဖြင့်တင်ဆောင်ကာယာဉ်အား ပြန်ကွေ့ပြီးမောင်းနှင်လာခဲ့ရာ ၁၀/တောင် (၁၃)
ရပ်ကွက်အရောက်တွင် အဆိုပါအမျိုးသားများမှ ခရေပင်လမ်းထဲသို့ကွေ့ဝင်ကာရပ်တန့်ခိုင်းပြီး ဦးနိုင်ဦး၏မျက်နှာကိုပုဆိုးဖြင့်အုပ်ကာငွေတောင်းသဖြင့်ငွေကျပ်(၂၆၀၀၀)ကိုပေးလိုက်ရ ကြောင်း၊
ကားပေါ်မှဆင်းပြေးခဲ့သော်လည်း ၎င်းအမျိုးသားများမှလိုက်လာပြီး လက်သီးဖြင့် ထိုးခဲ့ကြကြောင်း၊
ဦးနိုင်ဦး၏ဖုန်းကိုလည်းတောင်းသဖြင့် ဆင်းကတ််ဖြုတ်ကာ ဖုန်းဟန်းဆက် အားပေးလိုက်ရကြောင်း၊ ၎င်းအမျိုးသားများထိုးကြိတ်ခဲ့သဖြင့် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲနှုတ်ခမ်းနာကျင်၊ဦးခေါင်းနာကျင်
ဒဏ်ရာများရရှိခဲ့ကြောင်းကိုဦးနိုင်ဦးမှတိုင်တန်းခဲ့၍ သာကေတနယ်မြေ ရဲစခန်း (ပ)၁၅၈/၁၄၊ ပြစ်မှု
ပုဒ်မ ၃၈၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
သာကေတနယ်မြေရဲစခန်းမှလှည့်ကင်းရဲတပ်ဖွဲ့ဝင်များသည်ပြစ်မှုကျူးလွန်သူများ ကစုံစမ်းဖော်
ထုတ်ဖမ်းဆီးခဲ့ရာ မတ်လ ၁၄ ရက်နေ့နံနက် ၃ နာရီ၅၀အချိန်တွင်ပြစ်မှုကျူးလွန်သူ သာကေတ
မြို့နယ်ကျော်သူဟိန်း(၁၈ နှစ်) ကို သာကေတမြို့နယ် ၁၀/တောင်၊ ၁၄/ရပ်ကွက် အတွင်း၌
ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းကိုစုံစမ်းချက်များအရ အဆိုပါပြစ်မှုကို နိုင်ကြီး(ခ)ရဲလင်းထွန်း (စိစစ်ဆဲ)နှင့်အတူကျူးလွန်
ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး လုယူရရှိ သည့် ငွေများနှင့် ဖုန်းဟန်းဆက်တို့ကို နိုင်ကြီး (ခ)
ရဲလင်းထွန်းမှယူဆောင်သွားကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
















