ဘုရားဖူးမသွားရ၍ ပိုးသတ်ဆေးသောက်

ဘုရားဖူးမသွားရ၍ ပိုးသတ်ဆေးသောက်

မှော်ဘီမြို့နယ်တွင် ဘုရားဖူးမသွားရန် ပြောဆိုသည်ကို စိတ်ဆိုးကာ ပိုးသတ်ဆေးသောက်
သေဆုံးခဲ့မှု မတ်လ ၂၀ ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ည ၉ နာရီ ၅၀ အချိန်ခန့်တွင် မှော်ဘီမြို့နယ် မြောင်းတကာ ရဲကင်းမှူးရဲအုပ်
ကျော်လွင်နှင့် အဖွဲ့သည်ရွှေကျွန်းတောရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မသီတာအေး
ဟင်းရွက်စိုက်ခင်းအတွင်းသေဆုံးနေကြောင်း သတင်းအရသွား ရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရသူငယ်ချင်းများနှင့်အတူ ကျိုက်ထီးရိုး ဘုရားဖူးသွားမည်ပြောသည်ကို မိခင်က
စီးပွားရေး အဆင်မပြေသဖြင့် မသွားရန်ပြောသည်ကို စိတ်ဆိုးကာ နေအိမ်မှ ထွက်သွားပြီး
စိုက်ခင်းသုံးပိုးသတ်ဆေးကို သောက်သုံးကာ ပါးစပ်မှအမြုပ်ထွက် သေဆုံးခဲ့ကြောင်းသိရ သည်။

အလောင်းကိုမှော်ဘီဆေးရုံသို့ပို့အပ်ပြီး မှော်ဘီမြို့မရဲခစန်းက သေမှုသေခင်းအမှတ် စဉ် ၆/၁၄
ဖြင့်လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။