ဗဟန်းမြို့နယ်တွင် ဩစတြေးလျနိုင်ငံသားတစ်ဦး လုယက်ခံရသည်ဆိုကာတိုင်ကြားခဲ့မှု မတ်လ
၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ဩစတြေးလျနိုင်ငံ
သား Mr. Kaan Peker (၃၂ နှစ်) သည် ၎င်းနိုင်ငံသား အမျိုးသမီး အဖော်တစ်ဦးနှင့် အတူ ရန်ကုန်
လေဆိပ်မှ ချက်ထရီယမ် ဟိုတယ်သို့ အငှားယာဉ်ဖြင့်လာခဲ့ရာ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal
Inn ရှေ့သို့ အရောက်တွင် အငှားယာဉ်ပေါ်မှဆင်းပြီး ချက်ထရီယမ် ဟိုတယ်သို့ သွားရန်အတွက်
ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းဘက်ခြမ်းသို့ကူးကာ လမ်းလျှောက်လာစဉ် ၎င်း၏ ၀ဲဘက်လက် တွင်
ဆွဲထားသော အပြာရောင်ခရီးဆောင်အိတ်ကို ဆိုင်ကယ်စီး အမျိုးသား(၂)ဦးမှ လုယူ မောင်းနှင်
ထွက် ပြေးသွားသွားခဲ့သည်ဟု ဆိုသည်။
ခရီးဆောင်အိတ်အတွင်း၌ ရှုးဖိနပ်(၁)ရံ၊ အမျိုးသမီးသုံး လက်ကိုင်ပိုက်ဆံအိတ်(၁) အိတ်နှင့်
လက်ဆွဲအိတ်(၁)အိတ်၊ ရှပ်အကျႌ(၃) ထည်၊ ဘောင်းဘီရှည် (၂)ထည်၊ လက်ပတ်နာရီ(၁)လုံးတို့
စုစုပေါင်းတန်ဘိုး ဩစတြေးလျ ဒေါ်လာငွေ (၁၂၂၅၀)ခန့် စုစုပေါင်းကျပ်တန်ဘိုး ၁၁၀၂၅၀၀၀
ချက်ထရီယမ်ဟိုတယ် ဧည့်ကြိုဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့်
ဗဟန်းမြို့မ ရဲစခန်း (ပ)၁၀၆/၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
















