လိုင်စင်ဝင်ပေးမည်ဟုပြောဆိုကာ ငွေနှင့်စာရွက်စာတမ်းများကို ၀န်ထမ်းအယောင်ဆောင်
လိမ်လည်ခဲ့သည် ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၂၅ ရက် နေ့က မှော်ဘီမြို့နယ်တွင် ဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ ည ၈ နာရီ ၄၅ အချိန်ခန့်တွင် မှော်ဘီမြို့နယ် မြောင်းတကာ ဓါတ်အားခွဲရုံဝင်း
လျှပ်စစ်ဓါတ်အားခွဲရုံ စာရေးဝန်ထမ်း ဖြစ်သူ ဦးကျော်မျိုးထိုက် မှ သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာ
တွင် မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဓါတ်အားခွဲရုံဝင်းအတွင်း အတူနေထိုင်သူ
ဦးဇော်မင်း၏ အဆက် အသွယ်ဖြင့် ဆပ်သွား တောအုပ်စု ရဲဘော်ဈေးနေ ဦးမြင့်အေး (စုံစမ်းဆဲ)
ရောက်လာပြီး ၎င်းမှာ ကညန ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆိုင်ကယ်နှင့်ကားများကို သုံးရက်အတွင်း လိုင်စင်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ပြောဆို
ခဲ့သည်။
ဦးကျော်မျိုးထိုက်က ၎င်းပိုင် ဆိုင်ကယ်နှင့်ဌာနပိုင် ကားနှစ်စီး ဆိုင်ကယ်နှစ်စီးတို့ကို နှင့်ပတ်သက်
သည့် စာရွတ်စာတမ်း များကိုပေးကာ လိုင်စင်သက်တမ်းတိုးရန် ကုန်ကျမည့် ငွေကျပ် ၂၂၃,၀၀၀
ကိုပေးအပ် ဆောင်ရွက်စေခဲ့သည်။
မတ်လ ၂၅ ရက်နေ့အထိ စာရွက်စာတမ်းများ ပြန်လည်ရောက်ရှိ ပေးပို့ခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ
ဦးမြင့်အေး မှာ ကညနမှ -၀န်ထမ်းမဟုတ်ကြောင်း သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မှော်ဘီမြို့မရဲခစန်းက(ပ)၁၆၃/၁၄ ပြစ်မှုပုဒ်မ ၁၇၀/၄၂၀ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။
















