လူကုန်ကူးရန် စီစဉ်နေသူကို အရေးယူ

လူကုန်ကူးရန် စီစဉ်နေသူကို အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ရွာနေ အသက် ၂၀ အရွယ် မသိနားမလည်သည့်
အမျိုးသမီးငယ် တစ်ဦးအား စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ရန်ခေါ်ဆောင်သွားသူ တစ်ရွာတည်းနေ
မသန္တာဦးအား မတ်လ ၂၁ ရက်တွင် ပဲခူးအမှတ် (၁) မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီး
ကာကွယ်ရေး ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးငယ်အား မသန္တာဦးက ရန်ကုန်မြို့တွင် အလုပ်ရမည်ဟု စည်းရုံးပြောဆိုကာ
အမျိုးသမီးငယ်၏ ခင်ပွန်းထံ ကြိုတင်ငွေကျပ် သုံးသိန်းအား ပေးအပ်ပြီး မတ်လ ၁၈ ရက်နေ့က
ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လိမ်ညာ၍ ရောင်းစားခြင်းခံရသူ အမျိုးသမီးငယ်ကို ကယ်တင်ရရှိရန်နှင့် ပြစ်မှုကျူးလွန်သူ
မသန္တာဦးကို ဖမ်းဆီးရမိရန်အတွက် အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့စု (ပဲခူး)နှင့်
အမှတ် (၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)တို့က ပူးပေါင်းဆောင်ရွက်လျက်
ရှိသည်။