သန်လျင်မြို့နယ်တွင် ဦးလေးဝမ်းကွဲတော်သူက လေးနှစ်အရွယ် တူမဝမ်းကွဲကိုို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့်ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။
အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။
ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။
သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။
















