အုတ်စီလုပ်သားတစ်ဦး လေးလွှာ အမြင့်မှ ပြုတ်ကျသေဆုံး

အုတ်စီလုပ်သားတစ်ဦး လေးလွှာ အမြင့်မှ ပြုတ်ကျသေဆုံး

မြောက်ဥက္ကလာပမြို့နယ်တွင် အုတ်စီလုပ်သားတစ်ဦး သစ်သားတန်းကျိုးကျကာ လေးလွှာ
အမြင့်မှ ပြုတ်ကျသေဆုံးခဲ့မှု မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ ရွှေပေါက္ကံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဟန်နှင့်
အဖွဲ့သည် မြောက်ဥက္ကလာဆေးရုံတွင် လူတစ်ဦးသေဆုံး ရောက်ရှိနေ ကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၄၇ နှစ်အရွယ် ပန်းရံလုပ်သားတစ်ဦး ဖြစ်ပြီး မွန်းလွဲ ၂ နာရီအချိန်ခန့်က ကုန်ဘောင်လမ်းရှိ လေးထပ်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ခေါင်မိုး ကွန်ကရစ်အခင်းတွင်
အုတ်စီနေစဉ် သစ်သား ဆင့်တန်း ကျိုးကျပြီး ပြုတ်ကျသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့တင်ပို
့ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ အလောင်းကို ပီအာရ် ၃၀ ဖြင့်လက်ခံထားပြီး ရွှေပေါက္ကံ
နယ်မြေ ရဲစခန်းက(ပ)၄/၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။