နိုင်ငံခြားသားတစ်ဦး၏ ခရီးဆောင်အိတ်ထဲမှ ရွှေနှစ်ပိဿာတွေ့

နိုင်ငံခြားသားတစ်ဦး၏ ခရီးဆောင်အိတ်ထဲမှ ရွှေနှစ်ပိဿာတွေ့

မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၂၇ ရက်နေ့က နိုင်ငံခြား
သားတစ်ဦး၏ ခရီးဆောင်အိတ်ထဲမှ ရွှေနှစ်ပိဿာ တွေ့ရှိ၍ အကောက်ခွန်ဥပဒေ အရ အရေးယူ
ထားကြောင်းသိရသည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၄၀ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပ ထွက်ခွာ
X Rays စစ်ဆေးရေး ဂိတ်တွင် မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ် MH-743 လေယာဉ်
အမှတ် 9M-MHD လေယာဉ်အမျိုးစား B-737 လေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့ လိုက်ပါမည့်
ခရီးသည် အိန္ဒိယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၊ ပတ်စ်ပို့ အမှတ် -၉၈၆၁၅၄၁
၏ နီ/နက်ကြားခရီး ဆောင်အိတ်ကို X-Rays စက်ဖြင့် ဖြတ်သန်း စစ်ဆေးစဉ် အိတ်အတွင်းမှ
ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ထုပ်ထားပြီး တိပ်အနက် ရောင်ဖြင့်ပတ်ထားသော တစ်တုံး
လျင်အလေးချိန်(၁၀)ကျပ်သားခန့်ရှိ ရွှေတုံး(၂၀)တုံး၊ စုစုပေါင်းအလေးချိန်(၂၀၀) ကျပ်သားခန့်၊
တန်ဖိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေး တွေ့ရှိ ခဲ့ရသည်။ယင်းသို့ရွှေတုံး များတွေ့ရှိမှုနှင့်
ပတ်သက်၍ လေဆိပ်အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူရန်
စီစဉ်ဆောင်ရွက်လျက်ရှိသည်။