ကုန်သည်ကြီးများဟိုတယ်အနီးဗျောက်အိုးဖောက်သူကို အမှုဖွင့်စစ်ဆေး
ကျောက်တံတားမြို့နယ်တွင် လူအများအထိတ်တလန့်ဖြစ်စေရန်ဆောင်ရွက်ပြုမူခဲ့သူကို
အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၃၀ ရက်နေ့ ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ၃ နာရီခွဲအချိန်ခန့်တွင် ကုန်သည်ကြီးများဟိုတယ် အများသုံး တယ်လီဖုန်းရုံ
အနီးတွင်ဒဂုံတောင်ပိုင်းမြို့နယ်နေ အောင်ကိုဦး(၂၈ နှစ်)မှာ မီးရှုးမီးပန်း၊ ဗျောက်အိုး၊ရှုးဒိုင်းများ
ပစ်ဖောက်ကာ လူအများအထိတ်တလန့်ဖြစ်စေအောင် ပြုလုပ် ပြေးလွားနေသဖြင့်
ကျောက်တံတားမြို့မရဲစခန်းက(ပ)၁၃၂/၁၄ ရန်ကုန်ရဲအက် ၄၂ အရ အမှုဖွင့်စစ်ဆေး
လျက်ရှိသည်။
















