ဆိုင်ကယ်စီးလာသူများက စက်ဘီးစီးလာသည့်ဇနီးမောင်နှံကို လုယက်

ဆိုင်ကယ်စီးလာသူများက စက်ဘီးစီးလာသည့်ဇနီးမောင်နှံကို လုယက်

လှိုင်သာယာမြို့နယ်တွင် စက်ဘီးစီးနင်းသူဇနီးမောင်နှံထံမှ ကျပ်တစ်သိန်းဖိုးခန့် လုယူသွားသည်
ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၂၈ ရက် နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ည ၉ နာရီအချိန်ခန့်တွင်
အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်နေ ဦးမြင့်လှိုင်သည် ဇနီးဖြစ်သူနှင့်အတူ လှိုင်သာယာမြို့နယ်
မှ စက်ဘီးဖြင့်ပြန်လာစဉ် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား ချဉ်းကပ်လမ်းပေါ်သို့အရောက်
အမည်မသိ၊ လူမြင်လျင်မှတ်မိသူ အမျိုးသား(၂)ဦးက ဆိုင်ကယ် (၁)စီးဖြင့် စက်ဘီး၏နောက်မှ
လိုက်ပါ လာကာကိုင်ဆောင်ထားသော နီညိုရောင်ပိုက်ဆံအိတ်အား လုယူထွက်ပြေး သွားခဲ့သည်။

၎င်း ပိုက်ဆံအိတ်အတွင်း၌ ထည့်ထားသော ဆင်းကတ်ပါ ဟန်းဆက်(၁)လုံး၊ ကျပ် ၁၆၀၀၀ ၊
စုစုပေါင်း တန်းဘိုး ငွေကျပ် ၁၁၀၀၀၀ တို့ပါဆုံးသွားခဲ့သဖြင့် ပိုက်ဆံ အိတ်အား လုယူထွက်ပြေး
သွားသူ အမည်မသိအမျိုးသား(၂)ဦးကို စုံစမ်း အရေးယူပေးရန် ဦးမြင့်လှိုင်မှ တိုင်တန်းသဖြင့်
လှိုင်သာယာမြို့မ ရဲစခန်း(ပ)၄၀၉/၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်အရေးယူထားသည်။