ပြည်သူ့ရင်ပြင်၌ ရိုက်နှက် လုယက်သူကို ဖမ်းဆီး

ပြည်သူ့ရင်ပြင်၌ ရိုက်နှက် လုယက်သူကို ဖမ်းဆီး

ဒဂုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို ရိုက်နှက်ကာ ကျပ် ၁၀ သိန်းတန်ဖိုးရှိ ဆွဲကြိုးလုယူ
ထွက်ပြေးသူကို သက်ဆိုင်ရာကမတ်လ ၃၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

မတ်လ ၃၀ ရက်နေ့ ည ၈ နာရီခွဲ အချိန် မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးသည် ဒဂုံမြို့နယ်၊
ပြည်အရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ ငါးမွေးမြူရေးကန်အနီး၌ ၎င်းဖွင့်ထားသည့်
ငါးစာဆိုင်ရှေ့တွင်ရှိနေစဉ်အမျိုးသား(၁)ဦးရောက်ရှိလာပြီး ၎င်းကိုတုတ်ဖြင့် (၇)ချက်ခန့် ရိုက်နှက်
ခဲ့၍ လဲကျသွားခဲ့ကြောင်း၊ ထိုသို့လဲကျစဉ် ၎င်း၏ လည်ပင်းတွင်ဆွဲ ထားသော ကျပ် ၁၀ သိန်းတန်
ရွှေဆွဲကြိုးတစ်ကုံးကို ဖြုတ်ယူထွက်ပြေးသွားခဲ့ကြောင်း တုတ်ဖြင့်ရိုက်နှက် ခံခဲ့ရသဖြင့် ၎င်း၌ ဦးခေါင်းဝဲဘက်ချို စောင်းနှင့်နဖူးထိပ်တို့တွင် ပေါက်ပြဲ သွေးထွက်နာကျင် ဒဏ်ရာများ ရရှိခဲ့ပြီး
ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံ ယူရ သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံမြို့မရဲစခန်း ရဲစခန်း(ပ)၆၄/၁၄၊ ပြစ်မှု ပုဒ်မ ၃၉၄ အရအမှုဖွင့်လှစ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှု
ကျူးလွန်သူမှာ ပြည်သူ့ရင်ပြင် အတွင်း၌ပျံကျဈေးရောင်းသူ လှိုင်သာယာ မြို့နယ်နေသူ ကျော်ဆန်း
(၁၉နှစ်)ဖြစ်ကြောင်း သိရသဖြင့်ဒဂုံမြို့မရဲစခန်းနယ်ထိန်းရဲ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ဖမ်းဆီး
ခဲ့ရာ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန်တွင် ၎င်းနေအိမ် ၌ ဖမ်းဆီးခဲ့ပြီး သက်သေခံ
ပစ္စည်း ရွှေဆွဲကြိုးအား ပြန်လည်သိမ်းဆည်းကာ ဆက်လက် အရေး ယူထား ကြောင်းသိရသည်။