မတ်လ ၃၀ ရက်နေ့ ည ၈ နာရီခွဲက မရမ်းကုန်းမြို့နယ်နေ ဦးသန်းဦးကို ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ
ငါးမွေးမြူရေးကန်အနီးရှိ ၎င်းဖွင့်ထားသည့် ငါးစာဆိုင်ရှေ့၌ အမျိုးသားတစ်ဦးက တုတ်ဖြင့်
ခုနစ်ချက်ခန့် ရိုက်နှက်ကာ ကျပ် ၁၀ သိန်းတန် ရွှေဆွဲကြိုးကို ဖြတ်ယူထွက်ပြေးသွားခဲ့သည်။
တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရသဖြင့် ၎င်း၌ ဦးခေါင်းဝဲဘက် ချိုစောင်းနှင့် နဖူးထိပ်တို့တွင် ပေါက်ပြဲ
သွေးထွက် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။
ဒဂုံမြို့မရဲစခန်းက အမှုဖွင့်လှစ်စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ပြည်သူ့ရင်ပြင်အတွင်း၌
ပျံကျဈေးရောင်းသူ လှိုင်သာယာမြို့နယ်နေ ကျော်ဆန်း (၁၉ နှစ်)ဖြစ်ကြောင်းသိရသဖြင့် လိုက်လံ
စုံစမ်းဖမ်းဆီးခဲ့သည် မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန်တွင် ၎င်းကိုနေအိမ်တွင်
ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်း ရွှေဆွဲကြိုးကို ပြန်လည်သိမ်းဆည်းကာ အရေးယူထားသည်။
















