လူတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံး

လူတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံး

ဆိပ်ကမ်းမြို့နယ်တွင် စက်တပ်သဗ္ပာန် သစ်လုံးတင်ရေယာဉ်နှင့် တိုက်မိကာ လူတစ်ဦးရေထဲ
ပြုတ်ကျပျောက်ဆုံးခဲ့မှု မတ်လ ၃၁ ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်နေ တင့်လွင် (၄၂ နှစ်)
သည် ယောက်ဖဖြစ်သူ ကျော်ညီညီအောင် (၃၀ နှစ်) ကို ၎င်းမောင်းနှင်သော ကျော်သူအောင်
အမည်ရှိ စက်တပ်သမ္ဗာန်ဖြင့် တင်ဆောင်ပြီး ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ မောင်းနှင်
ထွက်ခွာခဲ့သည်။

ထိုသို့ထွက်ခွာလာစဉ် သမ္ဗာန်၏ ပန်ကာနှင့် ဒိုက်ဖတ်တို့ ငြိပြီး စက်ရပ်၍ရေစီးနှင့် မျောပါသွားကာ
ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော သင်္ဘောပေါ်သို့ သစ်လုံးများတင်နေသည့်
သစ်လုံးတင်တွဲရေယာဉ်ကို ကန့်လန့်ဖြတ် ၀င်တိုက်မိခဲ့ရာမှ သမ္ဗာန်မှောက်သွားခဲ့သဖြင့်
ကျော်ညီညီအောင်မှာ ရေထဲသို့ပြုတ်ကျ ပျောက်ဆုံးသွားခဲ့သဖြင့် အမှုဖွင့်ကာ ရှာဖွေလျက်ရှိသည်။