ရည်စားဖြစ်သူက ရေကန်ဘေးတွင် သားမယားပြုကျင့်ဟု တိုင်တန်း

ရည်စားဖြစ်သူက ရေကန်ဘေးတွင် သားမယားပြုကျင့်ဟု တိုင်တန်း

ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ရည်စားဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဧပြီလ
၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ရ နာရီအချိန်ခန့်တွင် ဒဂုံအရှေ့ပိုင်းမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး
တစ်ဦးသည် အအေးခန်းစက်ရုံမှ အလုပ်ဆင်းပြီးပြန်လာစဉ် အအေးခန်း လမ်းမ အရောက်
ရည်စားဖြစ်သူ ဒဂုံရှေ့ပိုင်းမြို့နယ်နေ တင်ဌေး(၂၄ နှစ်)နှင့် တွေ့ရှိခဲ့သည်။

တင်ဌေးက အအေးခန်း ၀န်ထမ်းလိုင်း အနောက်ဖက်ရှိ ရေကန်သို့ စကားပြောရန် ခေါ်သဖြင့်
လိုက်ပါသွားခဲ့သည်။

ရေကန်ဘေးအရောက် တင်ဌေးက " ငါစိတ်တွေကြွလာပြီ စိတ်မထိန်းနိုင်တော့ဘူး" ဟုပြောဆိုကာ
အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံအရှေ့မြို့မရဲစခန်းက(ပ)၁၆၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။