ဗဟန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ဆန္ဒပြသူများကို ဧပြီလ ၃ ရက်နေ့က
အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါနေ့မွန်းလွဲ ၁၂ နာရီကျော် အချိန်ခန့်မှ ၁ နာရီအချိန်ခန့်အထိ ဗဟန်းမြို့နယ်နေ
ရွှေတောင်ကြား(၁)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/၅၆ ဒေါ်အောင်ဆန်းစုကြည်
ခြံရှေ့တွင် မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် အိမ်ခြေ ၂၉၃ စု မှ အနိုင်ကျင့်အဓမ္မ
ဖယ်ရှားခံရမှုနှင့် ပတ်သတ်၍ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော် (ခ) ကျော်ထင်
(၄၁ နှစ်) ဦးဆောင်သည့် အင်အား ၈၀ ဦးခန့်မှ "လုထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လူထုခံစားနေရသော အခက်အခဲများကို ကူညီပါ" ဟူသော စာတမ်း များကိုင်ဆောင်ကာ
ဆန္ဒဖော်ထုတ်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းက (ပ)၁၂၅/၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။
















