မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်
ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ရ နာရီ
ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ
ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။
သမီးဖြစ် သူကိုအိမ်နောက် ဖေးလမ်းကြားတွင်တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ လူမြင် လျင်မှတ်မိသူ
အမျိုးသားတစ်ဦးက သူငယ်ချင်းများ ခေါ်ခိုင်းသည်ဟုပြောဆိုကာ (၅) ရပ်ကွက် ဘုရင့်နောင်
လမ်းကြားသို့ခေါ်ခဲ့ပြီး သားမယားပြုကျင့်ခဲ့ကြောင်းသိရသည်ဟု ဆိုသည်။
သမီးဖြစ်သူကို သားမယား ပြုကျင့်သူကို လိုက်လံရှာဖွေခဲ့ရာ ပိတောက်ရွှေဝါ ဘုန်းကြီးကျောင်း
အနီးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၀ အရွယ် ဇော်မင်းနိုင် ဖြစ်ကြောင်း
သိရသဖြင့် အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ မရမ်းကုန်းနယ်မြေ ရဲစခန်းက(ပ)၁၀၄/၁၄ ပြစ်မှု
ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
















