လှည်းကူးမြို့နယ်တွင်ခိုက်ရန်ဖြစ်ပွားခဲ့သူများကို အရေးယူထားပြီး ဒဏ်ရာရရှိ သူကို ဆေးရုံမှ
ဧပြီလ ၅ ရက်နေ့က ပြန်လည်ဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။
ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးအရှေ့ဘက်
အမိုးအကာကူရှင်ပြုလုပ်သည့်ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင် ၏
သားများဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို(ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ် (၁/၂၈)မှ
ချစ်မိတ်ဆွေ အမည်ရှိ နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး တို့ ခိုက်ရန်ဖြစ်ပွား
ခဲ့သည်။
ရန်နိုုင်ပါ(၃)ဦးမှတုတ်ဖြင့်ရိုက်ပြီး ချွန်ထက်သောအရာဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့်
ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သည်။
လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ သက်ဆိုင်
ရာက လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေသူများဖြစ်သော ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)
အွစ္စမန်၊ ချစ်မင်းကိုကို(ခ)အယ်ရပ်၊ ညီညီမောင်(ခ)ရဖစ်တို့ကိုဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ
အချိန်တွင် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့အပ် ချုပ် နှောင်ခဲ့သည်။
ဒဏ်ရာရရှိသူကို လှည်းကူးမြို့နယ် ဆေးရုံမှတစ်ဆင့် ရန်ကုန်၊ ျွျက်စိအထူးကု ဆေးရုံ(ကန်တော်
ကြီး)သို့ လွှဲပြောင်းပို့အပ်ကုသခဲ့ရာ သက်ပိုင်ဦး၏ယာဘက် မျက်လုံး ဒဏ်ရာမှာ မျက်စိကို
ထိခိုက်ခြင်းမရှိဘဲ မျက်လုံးအောက် မျက်ခမ်း၌ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သဖြင့် (၆)ချက်
ချုပ်ကုသခဲ့ရပြီး ဒဏ်ရာမှာစိုးရိမ်ရသည့်အခြေအနေမရှိသောကြောင့် ဧပြီလ ၅ ရက်နေ့ နံနက်
ရ နာရီ ၁၅ အချိန်တွင် ဆေးရုံ၏ခွင့်ပြုချက်အရ ပြန်လည် ဆင်းသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
















