သရုပ်ဆောင်ရဲတိုက် ထောက်ဒဏ်ခြောက်နှစ်ကျ

သရုပ်ဆောင်ရဲတိုက် ထောက်ဒဏ်ခြောက်နှစ်ကျ

ယခင်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ပဲခူးတိုင်း
ကျောက်တံခါး မြို့နယ်တွင် ဖမ်ဆီးထိန်းသိမ်းခြင်းခံခဲ့ရသော ရုပ်ရှင်သရုပ် ဆောင်ရဲတိုက်ကို
မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ကျောက်တံခါးရဲစခန်းမှ
တရားလိုလုပ် တရားစွဲဆိုခဲ့ရာ ရှစ်လကျော်ကြာပြီးနောက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု
၁၆ (ဂ) ဖြင့် နောက်ဆုံးရုံးချိန်း ဖြစ်သည့် ဧပြီလ ရ ရက်နေ့တွင် ကျောက်တံခါး မြို့နယ်တရားရုံးမှ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ကျောက်တံခါး ရဲစခန်းမှ
ရဲအရာရှိ ဦးသန်းဝင်းအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

"ကျွန်တော်တို့က သရုပ်ဆောင်ရဲတိုက်ကိုပုဒ်မ ၁၅၊ ၁၆(ဂ) မူးယစ်ဆေးဝါးသုံးစွဲမှု၊လက်ဝယ်တွေ့ရှိ
မှု နှစ်မှုနဲ့ ရဲကတရားလိုလုပ်အမှုဖွင့်ပြီး တရားစွဲမှာပါ။ တရားသူကြီးက စစ်ဆေးလို့ ပြစ်မှုနှစ်ခုစလုံး
ထင်ရှား နေရင်နှစ်ခုစလုံးအတွက်အရေးယူခံရမှာပါ " ဟုကျောက်တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ရဲတိုက်ကို စတင်တရားစွဲဆိုခဲ့စဉ်က မြန်မာတိုင်း(မ်)ကိုခဲ့ပြောသည်။

ရုံးချိန်းအားလုံးပေါင်း ၂၀ ကျော်ရှိခဲ့သည့်အနက် သရုပ်ဆောင်ရဲတိုက်ကို မတ်လ ၂၆ ရက်နေ့တွင်
ပထမအကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အမှုနှစ်ခုဖြင့် တရားစွဲ ဆိုထားသော်လည်း ဆရာဝန်၏ ဆေးစစ်ချက်အရ လက်ဝယ်တွေ့ရှိမှုဖြင့်
သာ တရားစွဲဆိုခံရခြင်းဖြစ်သည်။