တစ်နိုင်ငံလုံးတွင် မတ်လ အတွင်းလောင်းကစားမှု ၂၄၆ မှု ရှိခဲ့

တစ်နိုင်ငံလုံးတွင် မတ်လ အတွင်းလောင်းကစားမှု ၂၄၆ မှု ရှိခဲ့

မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ယခုနှစ် မတ်လ အတွင်းလောင်းကစားဥပဒေအရ အရေးယူခံရမှုပေါင်းမှာ
၂၄၆ မှုရှိပြီး လောင်းကြေးငွေ ကျပ်သိန်း ၂၀၀ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာ
၏ထုတ်ပြန်ချက် များအရသိရသည်။

မတ်လ အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖမ်းဆီးရမိခဲ့သည့် နှစ်လုံးထီလောင်းကစားမှု ၁၁၅ မှု
ဖမ်းဆီးခဲ့ပြီး လောင်းကစားပြုလုပ်သူ ၁၃၄ ဦးနှင့်လောင်းကြေးငွေကျပ် ရ၄၈၀၃၀၀ ကိုလည်း
ကောင်း၊ချဲထီလောင်းကစားမှု ၃၅ မှုဖမ်းဆီးခဲ့ပြီး လောင်းကစား ပြုလုပ်သူ ၃၆ ဦးနှင့်လောင်းကြေး
ငွေ ကျပ် ၄၅၈၃၂၇၀ ကိုလည်းကောင်း၊ ဖဲလောင်းကစားမှု ၄၅ မှုကိုဖမ်းဆီးခဲ့ပြီး လောင်းကစားပြု
လုပ်သူ ၂၀၃ ဦးနှင့် လောင်းကြေး ငွေကျပ် ၁၉၂၂၀၇၅ ကိုလည်းကောင်း၊ ဂျင်လောင်းကစားမှု
ငါးမှုကို ဖမ်းဆီးခဲ့ပြီးတရားခံ ၁၀ ဦးနှင့်လောင်းကြေးငွေကျပ် ၁၆၃၃၀၀ ကိုလည်းကောင်း၊ အခြား
လောင်းကစားဖမ်းဆီးမှု ၄၆ မှု မှ လောင်းကစားပြုလုပ်သူ ၄၆ ဦးနှင့်လောင်းကြေး ငွေကျပ်
၆၆၂၃၁၆၀ တို့ကိုလည်းကောင်း သိမ်းဆည်းခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ် ၂၀၇၇၂၁၀၅ ဖိုးခန့်
သိမ်းဆည်းရခဲ့သည်။

အဆိုပါ လောင်းကစားမှုဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းတွင် အမှု ၈၃ မှု၊ မန္တလေးတိုင်း တွင် ၃၇ မှု၊
ပဲခူးတိုင်းတွင် ၅၈ မှု၊ စစ်ကိုင်းတိုင်းတွင် ၁၀ မှု ဧရာဝတီတိုင်းတွင် ၁၀ မှု နှင့်မကွေးတိုင်းတွင် ၁၅
မှုတို့ ဖြစ်ပွားခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် အမှုဖြစ်ပွားမှုမှာ တစ်ဆယ် ဂဏန်း
အောက်မျှသာဖြစ်ပွားခဲ့ကာ ချင်းပြည်နယ်တွင် လောင်းကစားမှုကင်းစင်လျက်ရှိကြောင်း
ထုတ်ပြန်ချက်အရသိရသည်။