မတ်လအတွင်း ယာဉ်တိုက်မှု ၁၃၁၀ မှုတွင် ၄၇၂ ဦးသေဆုံးပြီး ၂၃၆၇ ဦး ဒဏ်ရာရ

မတ်လအတွင်း ယာဉ်တိုက်မှု ၁၃၁၀ မှုတွင် ၄၇၂ ဦးသေဆုံးပြီး ၂၃၆၇ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယခုနှစ်မတ်လ အတွင်း ယာဉ်တိုက်မှု ၁၃၁၀ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ
ရရှိသူ ၂၃၆၇ ဦးနှင့် သေဆုံးသူ ၄၇၂ ဦးရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇၄,၂၉၆,၂၀၀ ဖိုးခန့်ရှိခဲ့ကြောင်း
သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရသိရသည်။

ယာဉ်မတော်တစ်ဆမှုများအနေဖြင့် နေပြည်တော်တွင် ယာဉ်တိုက်မှု ၃၆ မှု၊ ဒဏ်ရာရရှိသူ ၆၅ ဦး၊
သေဆုံးသူ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၄၂ မှု၊ ဒဏ်ရာရရှိသူ ၂၆၀ ဦး၊
သေဆုံးသူ ၅၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၃ မှု၊ ဒဏ်ရာရရှိသူ ၂၅ ဦး၊
သေဆုံးသူ ၁၂ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်ယာဉ်တိုက်မှု ၁၅၀ မှု၊ ဒဏ်ရာရရှိသူ ၂၈၈ ဦး၊သေဆုံးသူ
၄၉ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၉၉ မှု၊ ဒဏ်ရာရရှိသူ ၃၀၈ ဦး၊သေဆုံးသူ ၄၈ ဦး၊
မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၁ မှု၊ ဒဏ်ရာရရှိသူ ၂၆၃ ဦး၊ သေဆုံးသူ ၆၁ ဦး၊
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၆၃ မှု၊ ဒဏ်ရာရရှိသူ ၄၀၇ မှု၊ သေဆုံးသူ ၆၁ ဦး၊
ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၁၇ မှု၊ ဒဏ်ရာရရှိသူ ၂၁၀ ဦး၊သေဆုံးသူ ၂၇ ဦး ရှိခဲ့ပြီး
ပြည်နယ်များ အနေဖြင့် ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၁၁၄ ၊ ဒဏ်ရာရရှိသူ ၁၉၅ ဦး၊ သေဆုံးသူ
၆၆ ဦး၊ ရခိုင်ပြည်နယ်တွင်ယာဉ်တိုက်မှု ၃၁ မှု၊ ဒဏ်ရာရရှိသူ ၃၈ ဦး၊ သေဆုံးသူ ၁၁ ဦး၊
မွန်ပြည်နယ်တွင် ယာဉ်တိုက်မှု ရ၂ မှု၊ ဒဏ်ရာရရှိသူ ၁၄၁ ဦး၊ သေဆုံးသူ ၃၀ ဦး၊ ကချင်ပြည်နယ်
တွင် ယာဉ်တိုက်မှု ၃၆ မှု၊ ဒဏ်ရာရရှိသူ ၆၀ ဦး၊ သေဆုံးသူ ၁၅ ဦး၊ ကယားပြည်နယ်တွင်
ယာဉ်တိုက်မှု ၁၆ မှု၊ ဒဏ်ရာရရှိသူ ၂၃ ဦး၊ သေဆုံးသူ လေးဦး ကရင်ပြည်နယ်တွင် ယာဉ်တိုက်မှု
၃၇ မှု၊ ဒဏ်ရာရရှိသူ ရ၉ ဦး၊ သေဆုံးသူ ၁၆ ဦး နှင့် ချင်းပြည်နယ်တွင် ယာဉ်တိုက်မှု သုံးမှု၊
ဒဏ်ရာရရှိသူ ငါးဦးတို့ ရှိခဲ့ကြောင်း သိရသည်။