ကိုရင်တစ်ပါးကို ရထားတိုက်

ကိုရင်တစ်ပါးကို ရထားတိုက်

မြောက်ဥက္ကလာပမြို့နယ်တွင် ဧပြီလ ရ ရက် နေ့က ကိုရင်တစ်ပါး ရထားတိုက်ခံရကာ ပျံလွန်တော်
မူခဲ့သည်။

အဆိုပါနေ့ နံနက် ရ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာပ မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ဘူတာအနီး မိုင်တိုင်အမှတ် ၂၃/၂၄ ကြားတွင် ကိုရင်
တစ်ပါး ရထားတိုက်ခံရ၍ ပျံလွန်တော်မူကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်
ပုရွက်ဆိတ်ကုန်းရပ်ကွက်ရှိ ဝေနေယျသုခကျောင်းတိုက်တွင် ဧပြီလ ၄ ရက်နေ့မှ စတင်၍
ကိုရင်ဝတ်ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုရင်အိန္ဒက (ခ)အောင်မင်းထိုက်၊ (၂၉ နှစ်)ဖြစ်ပြီး
ဦးခေါင်း ပြတ်လျက် ပျံလွန်တော်မူနေသည်ကို တွေ့ရှိရသည်။

နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် အခင်းဖြစ်နေရာ၌ ရထားလမ်းကို ဖြတ်ကူးစဉ် မင်္ဂလာဒုံမြို့နယ်
ဘက်နှင့် ရန်ကုန်မြို့တွင်းသို့ မောင်းနှင်လာသော မြို့ပတ်ရထားမှတိုက်မိကာ ရထားအကြိတ်ခံရ၍
ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။