အတူနေသူများက သားမယားပြုကျင့်

အတူနေသူများက သားမယားပြုကျင့်

လှိုင်သာယာမြို့နယ်၌ တစ်ခြံတည်းနေသူ အမျိုးသားနှစ်ဦးတို့က သားမယား ပြုကျင့်ခဲ့သည်ဆိုကာ
တိုင်ကြားခဲ့မှု ဧပြီလ ရ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၉ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အသက် ၂၈ နှစ်အရွယ်
အမျိုးသမီးသည် နေအိမ်ခုတင်ပေါ်တွင် အိပ်နေစဉ် တစ်ခြံတည်းနောက်ဖေးဘက် အိမ်တွင်
နေထိုင်သည့် တင်မောင်ကြည်ဆိုသူ ရောက်လာပြီး၊ ခြင်ထောင်အတွင်းဝင်ကာ ပါးစပ်ပိတ်၍
သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် ရုန်းကန်ကြိုးစားစဉ် တင်မောင်ကြည် ယောက္ခမတော်စပ်သူ
မင်းသူအောင် ရောက်လာပြီး အသံမထွက်ရန်ပြောဆိုကာ လည်ပင်းညစ်၊ လက်သီးနှင့် ထိုးပြီး
သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့သည်။

မိခင်ဖြစ်သူရောက်လာသဖြင့် ၎င်းတို့နှစ်ဦး ထွက်ပြေးသွားကြောင်းဆိုကာ အရေးယူပေးရန်
တိုင်ကြားခဲ့သည်။