စိတ်ကြွဆေးပြားများ ဖမ်းမိ

စိတ်ကြွဆေးပြားများ ဖမ်းမိ

တာမွေမြို့နယ်တွင် ဧပြီလ ရ ရက်နေ့က ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေခဲ့ရာက စိတ်ကြွ
ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ ည ၉ နာရီခန့်တွင် တာမွေမြို့မရဲစခန်းမှ အဖွဲ့သည် ဖိုးစိန်လမ်းရှိ စားသောက်ဆိုင်ရှေ့
လမ်းပေါ်တွင် သတင်းရရှိထားသည့် စကိုင်းလိုင်းယာဉ်ကို တွေ့ရှိသဖြင့် ဗျိုင်းရေအိုးစင်ရပ်ကွက်
အုပ်ချုပ်ရေးမဈးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

ယာဉ်ပေါ်တွင် တောင်ကြီးမြို့နယ်နေ ၀င်းနိုင်(ခ)ယစ်ကဒ်(၃၈ နှစ်)နှင့် မသီတာညို(၂၈ နှစ်) တို့ကို
တွေ့ရပြီး ပလက်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ဒဗလျှူဝိုင် စာတန်းပါ စိတ်ကြွဆေးပြား
၁,၂၂၆ ပြား၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ကျပ် ၂၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်။