မိုးရာသီ အထူးအစီအစဉ်အဖြစ် monsoon diary အစီအစဉ်သစ်ကို ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ထုတ်လွှင့်ပေးနေပြီး စက်တင်ဘာလကုန် အထိ တင်ဆက်ပေးသွားမှာပါ။
မိုးရာသီ အထူးအစီအစဉ်အဖြစ် monsoon diary အစီအစဉ်သစ်ကို ဇွန်လ ၈ ရက်နေ့မှ စတင်ကာ
ထုတ်လွှင့်ပေးနေပြီး စက်တင်ဘာလကုန် အထိ တင်ဆက်ပေးသွားမှာပါ။
အပတ်စဉ်တိုင်း စနေနေ့မှာ ညနေ ၄ နာရီ ၂၅ မိနစ်၊ အင်္ဂါနေ့မှာတော့ နေ့လယ် ၁၁ နာရီ ၅၀
ကစပြီး ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး မိုးရာသီနဲ့ ပတ်သက်ပြီး သိမှတ်ထားစရာ ဗဟုသုတရစေမယ့်
အချက်အလက်တွေကို ဒိုင်ယာရီတစ်ခုအဖြစ် ဖန်တီးတင်ဆက်ပေးမယ့် 'မိုးရွာရင်' အစီအစဉ်၊
အစီအစဉ်တင်ဆက်သူတွေက မိုးတွင်းတွေမှာ ရှိခဲ့တဲ့ သူတို့ရဲ့ အမှတ်တရတွေကို ဇာတ်လမ်းတို
လေးတွေအနေနဲ့ ပြန်ပြောပြပေးမယ့် 'ဝေးလွင့်မုတ်သုံ' အစီအစဉ်၊ မိုးသီချင်း ချိုချိုလေး တွေကို
ပိုင်ဆိုင်ထားတဲ့ အဆိုတော်များရဲ့ ရင်ထဲက ဒိုင်ယာရီတွေကို မိုးသီချင်းတွေနဲ့အတူ တင်ဆက်ပေး
မယ့် 'မိုးထဲကမိုး' အစီအစဉ်၊ အနုပညာရှင်တွေထဲမှာ ဘယ်သူက မိုးကိုကြိုက်တယ် မကြိုက်ဘူး
ဆိုတာကို ပရိသတ်ရင်ထဲမှာ ဒိုင်ယာရီအဖြစ် ထင်ကျန်ရစ်စေမယ့် "Like and Don't Like"
အစီအစဉ် စတဲ့ မိုးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ပတ္တမြား အက်ဖ်အမ်ရဲ့ 91 MHz ကနေ
နားဆင်ခံစားရမှာ ဖြစ်ပါတယ်။





