လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များအတွင်း စိတ်ဝင်စားစရာကောင်းပြီး စိန်ခေါ်မှုများပြည့်နေသည့် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များ
အတွင်း စိတ်ဝင်စားစရာကောင်းပြီး စိန်ခေါ်မှုများပြည့်နေသည့် အသွင်ကူးပြောင်းရေးကို
စတင်လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့ဘဏ်အုပ်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့သမိုင်းခြေလှမ်းသစ်တွင်
ကူညီထောက်ပံ့ မှုများပေးရန် စိတ်အားထက်သန်ခဲ့ကြသည်။ တိုးတက်မှုအများအပြား ရရှိခဲ့သော်
လည်းသန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းက လွတ်မြောက်ရန်နှင့် အခြေခံ
လူတန်းစားများ အပါအဝင် ပြည်သူလူထုလူတန်းစားအားလုံးအတွက် အသိုက်အဝန်း တစ်ခု
ပေါ်ပေါက်လာရန် ဖန်တီးပေးရန်အတွက်မူ အဓိကစိန်ခေါ်မှု များစွာရှိနေဆဲဖြစ်သည်။
နိုင်ငံစီးပွားရေးမှာ အတော်လေးကောင်းမွန်လာခဲ့သော်လည်း အရှိန်အဟုန် ကောင်းသည့် စီးပွားရေး
တွင် မြန်မာနိုင်ငံသား အားလုံး အပြည့်အဝပါ၀င်နိုင်ရန်အတွက် တိုးတက်မှုနှင့် အလုပ်အကိုင်
အခွင့်အလမ်းကောင်းများဖန်တီးပေးရန် နောက်ထပ် အသွင်ကူးပြောင်းမှုများ လိုအပ်မည်ဖြစ်သည်။
ရန်ကုန်နှင့် အခြားအဓိက မြို့ကြီးများသို့ သွားရောက်လည်ပတ်သည့်အခါ ဖြစ်ပေါ်နေသည့်
အပြောင်းအလဲများကိုတွေ့မြင် ခံစားကြရမည်ဖြစ်သည်။
သို့ရာတွင် သာမာန်အားဖြင့် သတင်းမီဒီယာများတွင် မြင်တွေ့ရလေ့မရှိသည့် ဝေးလံသည့်
ဒေသများရှိ ပြည်သူများ၏ ဘဝအခြေအနေများက မည်သို့ ရှိနေမည်ဆိုသည့်အချက်မှာ
စိတ်ဝင်စားဖွယ်ဖြစ်သည်။
ရန်ကုန်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၆၅၀ ခန့်အကွာတွင်ရှိ၍ လူနေကျဲပါးပြီး ဝေးလံကာ
ဆင်းရဲနွမ်းပါးသည့် ဧရိယာဖြစ်သော ချင်းပြည်နယ်သို့ မနေ့က ကျွန်တော်သွားရောက် လည်ပတ်ခဲ့
သည်။
ချင်းပြည်နယ်သည် ဆင်းရဲ နွမ်းပါးမှုနှုန်း ရ၀ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး
ပြည်နယ်တစ်ခုဖြစ်သည်။
ပုဂံညောင်ဦးလေဆိပ်မှ ကန်ပက်လက်မြို့သို့ ရောက်ရှိရန် အချိန် ၆ နာရီခန့် ကားဖြင့် မောင်းသွား
ရသည်။
ထိုခရီးကို သွားရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ်ကထောက်ပံ့ပေးနေသည့် ဒေါ်လာသန်း ၈၀
ရန်ပုံငွေဖြင့် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က စတင်လုပ်ဆောင်နေသော လူထုဗဟိုပြု စီမံကိန်း (CDD)
ကို ဆင်းရဲ နွမ်းပါးသည့် ကျေးရွာများ၌ မည်သို့ အကောင်အထည်ဖော်နေသည်ကို လက်တွေ့
ကြည့်ရှုလိုသည့်အတွက်ဖြစ်သည်။
ယခုအစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်မှာစာသင်ကျောင်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ လမ်းများ
ပြုပြင်ပေးခြင်းနှင့် ပြည်သူ့အဆောက်အအုံများနှင့် လမ်းများတွင် နေစွမ်းအင်အသုံးပြု
လျှပ်စစ်မီးများ တပ်ဆင်ပေးခြင်းတို့အပါအဝင် ပြည်သူတို့၏ လူနေမှုဘဝများ တိုးတက်စေရန်
ရပ်ရွာလူထုများကိုယ်တိုင်ကဖော်ထုတ်ပေးသည့် စီမံကိန်းများအား ကူညီပံ့ပိုးပေးရန် ဖြစ်သည်။
ယခု စီမံကိန်း၏ အဓိကအချက်မှာဆုံးဖြတ်ချက်ချရာတွင် ပြည်သူများကို အဓိကနေရာတွင်
ထားရှိခြင်းဖြစ်သည်။
ထိုသို့လုပ်ပိုင်ခွင့် ပေးထား ခြင်းဖြင့် နိုင်ငံသားများတက်ကြွစွာ ပါ၀င်စေရန် အားပေးအားမြှောက်
ပြုလုပ်ပေးသည်။ အကောင်အထည်ဖော်ရာတွင် ယုံကြည်စိတ်ချရစေရန် အပြည့်အဝအာမခံပေးပြီး
ပွင့်လင်း မြင်သာမှုရှိကာ အားလုံးပါ၀င်မှု ရှိသည်။
အံ့ဩစရာကောင်းပြီး အားတက်စရာအချက်မှာ ယခုနည်းလမ်းဖြင့် ဆောင်ရွက်မှုသည် အောင်မြင်မှု
ရလျက်ရှိသည့် သတင်းပင်ဖြစ်ပါသည်။
ဆင်းရဲနွမ်းပါးသည့် အခြေခံလူတန်းစား ပြည်သူများသည် ၎င်းတို့၏ဘဝများ တိုးတက် ပြောင်းလဲ
နိုင်ရန် ကိုယ်တိုင်ပုံဖော်ဖန်တီးခွင့်ကို တောင့်တလျက်ရှိကြသည်။
ယခုစီမံကိန်းက ၎င်းတို့ကို ထိုအခွင့်အလမ်းများ ပေးနေကြောင်းပြသနေသည်။
ကျေးရွာ လူကြီးတစ်ဦးက မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် အရေးကြီးသည့်အရာကို ကိုယ်တိုင်
ထုတ်ဖော်ပြောဆို နိုင်ခြင်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ကျွနု်ပ်အား ထုတ်ဖော်
ပြောကြားခဲ့သည်။
သူ၏ ရပ်ရွာလူထု၏ အနာဂတ်အတွက် သူ့တွင် ပြောရေးဆိုခွင့်ရှိသည်ဟု ပထမဆုံးအကြိမ်
ခံစားရကြောင်းပြောပါသည်။
ထိုကျေးရွာ လူကြီးကဲ့သို့ပင် အခြားသူများကလည်း ချင်းပြည်နယ်အတွင်း လူထုဗဟိုပြု
အမျိုးသားစီမံကိန်း၏ ကောင်းကျိုးကိုပထမဆုံး သက်သေအဖြစ် ပြောကြားကြပါသည်။
ကန်ပက်လက်မြို့နယ် အနီးတစ်ဝိုက် ကျေးရွာများမှ ပြည်သူလူထု ရာပေါင်းများစွာသည်
လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပထမဆုံးအကြိမ် ပါ၀င်ဆောင်ရွက်ခဲ့ကြပါသည်။
မှန်ကန်သည့် စီမံကိန်းရွေးချယ်ရေး လုပ်ငန်းစဉ်တွင် လိုအပ်ချက်အများအပြားအတွက်
အစည်းအဝေးများ ပြုလုပ်ကြသည်။
အဆုံးတွင် ထိခိုက်မှုရှိသည့် ကျေးရွာများရှိ အမျိုးသားနှင့် အမျိုးသမီးများက ၎င်းတို့နေ့စဉ်ဘဝ
တိုးတက်ရေးအတွက် အလိုအပ်ဆုံးဖြစ်သည့် မြို့သို့ဖြတ်လမ်းကသွားနိုင်သော လူသွားလမ်း၊
ရေရရှိရေးလုပ်ငန်းနှင့် ခေါင်မိုးပြုပြင်ရန် လိုအပ်နေသည့် မူလတန်းကျောင်းတစ်ကျောင်းအတွက်
အမိုးသစ် မိုးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုကျေးရွာများသို့ ကျွနု်ပ် သွားရောက်သည့်အခါ လူထုဗဟိုပြု စီမံကိန်းက နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု
အရှိဆုံးနေရာများအနက် တစ်နေရာတွင် အကျိုးကျေးဇူး ဖြစ်ထွန်းနေသည့် သက်သေကို
တွေ့ရှိခဲ့ရသည်။
ပြည်သူများမှာ ၎င်းတို့၏ အနာဂတ်အတွက် ရင်းနှီး မြှုပ်နှံနေကြပြီး ၎င်းတို့ဘဝ တိုးတက်
ကောင်းမွန်ရေးအတွက် ပြောင်းလဲမှုများ ပြုလုပ်နေကြ သည်။ ယခုရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ
ဆင်းရဲ နွမ်းပါးသည့် ပြည်သူများ ၎င်းတို့ရပ်ရွာ၏ ပြင်ပက အကူအညီအနည်းငယ်ဖြင့် ၎င်းတို့၏
အနာဂတ်ကို ပုံဖော်နိုင်ရန်အတွက် ထိုစီမံကိန်းကို လျင်မြန်စွာမည်သို့ ချဲ့ထွင်ရမည်နည်းဆိုသော
အချက်ဖြစ်သည်။
ရည်မှန်းချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် ပြည်ထောင်စုနယ်မြေ တစ်ခုရှိ
ဆင်းရဲနွမ်းပါးသည့် မြို့နယ် တစ်ခုစီ ဖြင့် စုစုပေါင်း မြို့နယ် ၁၅ မြို့နယ်တွင် ဃီီ စီမံကိန်းများကို
ကူညီပံ့ပိုးပေးရန်ဖြစ်သည်။
ထိုစီမံကိန်းက မြန်မာနိုင်ငံရှိဆင်းရဲနွမ်းပါးသော ပြည်သူခန့်မှန်းခြေ ၂ ဒသမ ၅ သန်းရှိရာ
ကျေးရွာပေါင်း ၃,၀၀၀ အတွက် အကျိုးဖြစ်ထွန်းစေသည်။
ယခုကဲ့သို့ လုပ်ပိုင်ခွင့်ပေးသည့် လုပ်ငန်းစဉ်သည် ဆင်းရဲနွမ်းပါးသည့် ရပ်ရွာလူထု အသိုက်အဝန်း
၏ အလားအလာကို ပုံဖော်ရာ၌ အဓိကကျရုံသာမကဘဲ မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသော
လူသားအရင်းအမြစ် တိုးတက်အောင် ကူညီရာတွင်လည်း အရေးကြီးပါသည်။
အေဇဲဗင်ထရော်ဆင်ဘတ်သည် ကမ ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ
ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။

















