မြန်မာနိုင်ငံနှင့် ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ဝတ္တရား

မြန်မာနိုင်ငံနှင့် ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ဝတ္တရား

မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတို့တွင် နယူးယော့တိုင်းမ်သတင်းစာက ၀ါရင့်ဆောင်းပါးရှင် နီကိုးလပ်စ်ခရစ္စတော့ဖ်သည် ရခိုင်ပြည်နယ်အနှံ့သို့ ရက်ပေါင်းအတန်ကြာ လှည့်လည်သွားရောက်ခဲ့သည်။

မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတို့တွင် နယူးယော့တိုင်းမ်သတင်းစာက ၀ါရင့်ဆောင်းပါးရှင်
နီကိုးလပ်စ်ခရစ္စတော့ဖ်သည် ရခိုင်ပြည်နယ်အနှံ့သို့ ရက်ပေါင်းအတန်ကြာ လှည့်လည်
သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်းခရစ္စတော့ဖ် သည် ဆောင်းပါး သုံးပုဒ် ရေးသားခဲ့သလို ဘလော့ဂ်တွင်လည်း
၎င်း၏ အထင်အမြင်များကို ရေးသားဖော်ပြခဲ့ပြီး အဓိကမှာလူမျိုးရေးပြဿနာနှင့် ပဋိပက္ခ
အကြောင်းများဖြစ်သည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလအတွင်း ရင်ဆိုင်နေရသောဆိုးဝါးသည့် အခက်အခဲ
များစွာအနက် တစ်ခုအပေါ် ဤကဲ့သို့ အာရုံစိုက်မှုကို ကြိုဆိုရပေမည်။

ကမ္ဘာအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အင်တိုက်အားတိုက် စိတ်ဝင်စားမှု
ရှိသော နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ရခိုင်ပြည်နယ်အခြေအနေပေါ် စိုးရိမ်မှုရှိသည်မှာ
မဆန်းပေ။

သို့သော် လက်တွေ့တွင်မူ ပြင်ပ ကမ္ဘာက မတရားမှုအကြောင်းပြောလေ ပြည်တွင်းနေသူများ
အတွင်း ထိတ်လန့်မုန်းတီးမှု စိတ်ကြီးထွားလာလေဖြစ်နေသည်။

နိုင်ငံတကာက ပါ၀င်ဆောင်ရွက်မှုဆိုင်ရာ အခြေခံအချက်အလက်များနှင့် ပတ်သက်၍
မြန်မာနိုင်ငံတွင်းတွင် လူအများပိုမိုသိရှိနားလည်လာကြစေရန် ဆောင်ရွက်သင့်ပေသည်။

၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေးစနစ်
အသစ်တစ်ရပ်ကို တညီတညာတည်း ထောက်ခံအတည်ပြုခဲ့ကြသည်။

ဤသို့ဖြင့် 'သက်ဆိုင်ရာ နိုင်ငံတိုင်းတွင် မိမိတို့ပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်ခြင်း၊
စစ်ရာဇဝတ်မှုများ၊ လူမျိုးစုပပျောက်ရေး လုပ်ရပ်များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော
ရာဇဝတ်မှုများမှ ကာကွယ်ပေးရန် တာဝန်ရှိသည်' ဟူသော ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်
၀တ္တရားဟုသိကြသည့် R2P ပေါ်လာသည်။

ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု လေးခု သာ ပါ၀င်သည့်အတွက် ပမာဏအတိုင်းအတာ
အနေဖြင့် အတန်ကျဉ်းမြောင်းသည်ဟု ယူဆရသည်။

သို့သော် အကျုံးဝင်မှုအနေဖြင့် ကျယ်ပြန့်သည်။ တိုင်းတစ်ပါးသားနှင့် တိုင်းမဲ့ပြည်မဲ့များ အပါအဝင်
လူအားလုံးနှင့် သက်ဆိုင်သည်။

R2P သည် အစိုးရများမဆောင်ရွက်နိုင် သို့မဟုတ် မဆောင်ရွက်လိုသည့်ကိစ္စများတွင် နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးသည်။

မြန်မာနိုင်ငံအတွင်းတွင် R2P နှင့်ပတ်သက်၍ ကျယ်ပြန့်စွာဆွေးနွေးရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် သဘောတူလက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြည်သူများ
သိကြပါသလား။

ကမ္ဘာ့ထိပ်သီးညီလာခံ စာတမ်းထဲက စာလုံးရေ ၂၅၀ ကျော်မျှရှိသည့် သက်ဆိုင်ရာစာပိုဒ်များကို
ပြည်တွင်းဘာသာ စကားများသို့ ပြန်ဆိုထားပါသလား။

အကျိုး သက်ရောက်မှုများကို အပြည့်အဝ နားလည်သဘောပေါက်ကြပါသလား။

မြန်မာနိုင်ငံပြင်ပအတွက် လိုအပ်သည်မှာ ပြည်တွင်းအခြေအနေများနှင့် ကိုက်ညီသည့် မူဝါဒ
ဖော်ထုတ်ရန် ဖြစ်သည်။

အသိပေးလှုံ့ဆော်ရေးအဖွဲ့တစ်ခုဖြစ်သော ကာကွယ်မှု ပေးရေး တာဝန်ဝတ္တရားဆိုင်ရာ နိုင်ငံတကာ
ဗဟိုဌာန (Global Centre for the Responsibility to Protect) က လိုအပ်သော အရေးယူ
ဆောင်ရွက်ချက် စာရင်းရှည်တစ်ရပ်ကို ပြုစု ထုတ်ပြန်ထားသည်။

ယင်းစာရင်းတွင် ရိုဟင်ဂျာများ၏ နိုင်ငံသားကိစ္စ၊ အခွင့်အရေး ချိုးဖောက်သူအတွက် တာဝန်ခံမှု၊
နေရပ်စွန့်ခွာတိမ်းရှောင်သူများ လုံခြံုဘေးကင်းစွာ နေရပ်ပြန်ရေး၊ အဟန့်အတားကင်းသော
လူသားချင်းစာနာမှုဆိုင်ရာ သွားလာဆောင်ရွက်ခွင့်၊ အလုံးစုံပြန် လည်ပေါင်းစည်းရေးအတွက်
စီမံကိန်းအပြည့်အစုံ၊ တိုင်းရင်းသားလူနည်းစု လိုအပ်ချက်များ ကိုဖြေရှင်းရန်အတွက် အခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် လွတ်လပ်သော တရားစီရင်မှုစနစ် ထူထောင်ရေးတို့ ပါ၀င်သည်။

စိတ်ကူးယဉ်ကမ္ဘာတစ်ခုအနေဖြင့် ယင်းအချက်အလက် အားလုံးကို လျင်မြန်စွာအကောင်အထည်
ဖော်နိုင်ပြီး မြင်သာသည့် အနာဂတ်တွင် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူအားလုံး ရက်စက်ကြမ်းကြုတ်
သော ရာဇဝတ်မှုများမှ အကာအကွယ်ရကြပေမည်။

သို့သော် တကယ့်လက်တွေ့ကမ္ဘာတွင်မူ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး
ဆောင်ရွက်ရန် ရုန်းကန်ကြိုးပမ်းနေရပြီး တစ်ချိန်တည်း ဖြေရှင်းပေးနေရသည့် တောင်းဆိုမှုများက
ပန်းတိုင်ခရီးကို နှောင့်နှေးစေသည်။

ဤအခြေအနေတွင် အခြေခံကျသောကိစ္စများကိုသာ အာရုံစိုက်ထားခြင်းက အဓိပ္ပာယ်ရှိပေသည်။

R2P က ပြည်သူများကို ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှု လေးခုမှ ကာကွယ်ပေးရန်
အဆိုပြုသည်။

မြန်မာနိုင်ငံတွင် အရေးပါသောလတ်တလောလိုအပ်ချက်မှာ အဟန့်အတားမဲ့ လူသားချင်းစာနာမှု
ဆိုင်ရာ သွားလာဆောင်ရွက်ခွင့်ဖြစ်သည်ဟူသော ခရစ္စတော့ဖ်၏ အဆိုမှာ လုံးဝမှန်ကန်ပေသည်။

ထို့အတွက် ဤအချက်ကိုအာရုံစိုက်ထားသင့်ပြီး ရိုဟင်ဂျာနိုင်ငံသားဖြစ်ရေး စသည့် အငြင်းပွား
ဖွယ်ရာကိစ္စများကို လက်ရှိအချိန်တွင် ခေတ္တ ဘေးဖယ်ထားသင့်သည်။

၂၀၀၅ ခုနှစ်တွင် အတည်ပြုခဲ့သည့် နိုင်ငံ တကာစံနှုန်းသည် လူသားများအားဘဝတွင် အဆိုးဆုံး
ဖြစ်ပွားလာနိုင်သည့်အခြေအနေများကို ကာကွယ်ပေးခြင်းသာဖြစ်ပြီးထို့ထက် ဘာမှ မပိုပေ။

ပြည်တွင်းနှင့် ပြည်ပအသိုင်းအဝိုင်းများက ဤအချက်ကို သဘောတူညီနိုင်ပါက R2P လုပ်ငန်းများ
အောင်မြင်မှုရလာပေမည်။

(အီယန်ဟောလီးဒေးသည် ဟောင်ကောင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဖြစ်ပြီး
thukhuma.org တွင် နေ့စဉ်ဘလော့ဂ်များ ရေးသားလျက်ရှိသည်။ ၎င်း၏ အီးမေးလ် လိပ်စာမှာ
[email protected] ဖြစ်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021