တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ စာရေးသူရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို ယခင် ဆောင်းပါးသုံးစောင်မှာ ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် ဆွေးနွေးစရာအချက်တွေ ကျန်ရှိနေသေးတဲ့အတွက် နောက်ဆုံးဆောင်းပါးအဖြစ် ဆက်လက်ရေးသားလိုက်ပါတယ်။
တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ စာရေးသူရဲ့ သုံးသပ်ချက်နဲ့
အကြံပြုချက်တွေကို ယခင် ဆောင်းပါးသုံးစောင်မှာ ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် ဆွေးနွေးစရာအချက်
တွေ ကျန်ရှိနေသေးတဲ့အတွက် နောက်ဆုံးဆောင်းပါးအဖြစ် ဆက်လက်ရေးသားလိုက်ပါတယ်။
ပြင်ဆင်ချက်ဥပဒေ၊ ပုဒ်မ ၁၀ (က)က ယခင် အုပ်ချုပ်ရေးစနစ်အရ ရာထူးအခေါ်အဝေါ် ဖြစ်တဲ့
''a Secretary to the Government" (အစိုးရအတွင်းဝန်တစ်ဦး)ဆိုတဲ့ စကားရပ်ကို လက်ရှိ
အုပ်ချုပ်ရေးစနစ်အရ ရာထူး အခေါ်အဝေါ်ဖြစ်တဲ့ ''The Secretary to the Union
Government" (ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး)ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့
အဆိုပြုထားတာဖြစ်လို့ ပြောစရာမရှိပေမယ့် ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၀(ခ) အရ၊ လက်ရှိ
ပုဒ်မ ၉၃ ကို ပယ်ဖျက်မယ်ဆိုတာကိုတော့ သင့်မသင့် စဉ်းစားဖို့ လိုမှာဖြစ်ပါတယ်။
တရားမကျင့်ထုံးဥပဒေ၊ ပုဒ်မ ၉၃ က ပုဒ်မ ၉၁ နဲ့ ၉၂ တို့ရဲ့ အဆက်ဖြစ်ပါတယ်။
ပုဒ်မ ၉၁ က အများပြည်သူတို့ကို စိတ်အနှောင့် အယှက်ဖြစ်စေမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး
နိုင်ငံတော်ရှေ့နေချုပ်က တရားမမှုစွဲဆိုခွင့် သို့မဟုတ် သက်ဆိုင်ရာပြည်သူအများ ကိုယ်စား
တရားလိုပြုလုပ်ပြီး တရားစွဲဆိုလို သူတို့ကို ကြိုတင်ခွင့်ပြုချက် ပေးခွင့်ရှိကြောင်း ပြဋ္ဌာန်းချက်
ဖြစ်ပါတယ်။
ပုဒ်မ ၉၂ ကတော့ ဘာသာရေးဆိုင်ရာ သို့မဟုတ် အများပြည်သူဆိုင်ရာ ဂေါပကအဖွဲ့တွေ၊
ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ နိုင်ငံတော် ရှေ့နေချုပ်က တရားစွဲဆိုခွင့်
သို့မဟုတ် ကိုယ်စားပြုပြီး တရားစွဲဆိုလိုသူတွေကို ကြိုတင်ခွင့်ပြုချက်ပေးခွင့်တို့နဲ့ သက်ဆိုင်ပါ
တယ်။
ပုဒ်မ ၉၃ ကတော့ အထက်ပါ ပုဒ်မတွေမှာ ဖော်ပြထားတဲ့ နိုင်ငံတော်ရှေ့နေချုပ်ရဲ့ အာဏာတွေကို
နိုင်ငံတော်သမ္မတရဲ့ ကြိုတင် ခွင့်ပြုချက်နဲ့ ကော်လိတ်တော်အရာရှိ (ယခင် ခရိုင်ဝန်) သို့မဟုတ်
နိုင်ငံတော်သမ္မတက ဒီကိစ္စအတွက် သီးခြားခန့်ထားတဲ့ အရာရှိ တစ်ဦးက ကျင့်သုံးဆောင်ရွက်ခွင့်
ရှိကြောင်း ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အများပြည်သူတို့နဲ့ သက်ဆိုင်တဲ့ အခွင့်အာဏာကို တစ်နိုင်ငံလုံးအတွက်
နိုင်ငံတော်ရှေ့နေချုပ် တစ်ဦးတည်းကသာ ကျင့်သုံးဆောင်ရွက်မယ့်အစား နိုင်ငံတော်သမ္မတရဲ့
ကြိုတင်ခွင့်ပြုချက်နဲ့ ဒေသဆိုင်ရာ ကော်လိတ်တော်အရာရှိ သို့မဟုတ် အခွင့်ရ တခြားအရာရှိ
တစ်ဦးဦး (ဥပမာ - တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ၀န်ကြီးချုပ် သို့မဟုတ် ဥပဒေချုပ်)က
ကျင့်သုံးခွင့်ရှိတာက အမှုကိစ္စအလျောက် ပိုပြီးအဆင် ပြေစေမယ် မဟုတ်လား။
ဒါ့ပြင် နိုင်ငံတော် သမ္မတရဲ့ကြိုတင်ခွင့်ပြုချက်ရရှိပြီးမှသာ အဲဒီအရာရှိတွေက ဒီအာဏာကို
ကျင့်သုံးနိုင်မှာဆိုတော့ အထိန်းအကွပ်လည်းရှိပြီးသားဖြစ်လို့ မတော်မတရားဖြစ်စရာအကြောင်း
လည်း မရှိလောက်ပါဘူး။
ဒါကြောင့် ပုဒ်မ ၉၃ ကို ပယ်ဖျက်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။
တရားမကျင့်ထုံးဥပဒေ၊ ပုဒ်မ ၁၀၀ နဲ့ ၁၀၂ တို့မှာပါရှိတဲ့ ငွေပမာဏသတ်မှတ်ချက်ကို တိုးမြှင့်
ပြင်ဆင်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ယခင်တစ်ပတ်က ဆောင်းပါးမှာ ဆွေးနွေး သုံးသပ်ခဲ့ပါတယ်။
ဒီပုဒ်မနှစ်ခုစလုံးက တရားမမှုတွေမှာ ပထမအယူခံရုံးက ချမှတ်တဲ့ ဒီကရီကို ကျေနပ်မှုမရှိရင်
ဒုတိယအယူခံဝင်ခွင့်အတွက် စည်းကမ်းချက်တွေကို သတ်မှတ် ပေးတာဖြစ်ပါတယ်။
ပုဒ်မ နှစ်ခုစလုံးမှာပါရှိတဲ့ ဒုတိယအယူခံဝင်ခွင့်အတွက် စည်းကမ်း သတ်မှတ်ချက်တစ်ခုက
အမှုတန်ဖိုး သတ်မှတ်ချက် ဖြစ်ပြီး မူလပြဋ္ဌာန်းချက်အရရော၊ ယခင် ပြင်ဆင်ချက်တွေနဲ့ အခု
ပြင်ဆင်ဖို့ အဆိုပြုချက်အရရော ငွေပမာဏတူညီတာကို တွေ့ရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ပုဒ်မ ၁၀၀ က ''Small Cause Courts''
(တန်ဖိုးနည်း တရားမမှုများကို စစ်ဆေးသော တရားရုံးများ)မှအပ ကျန်တရားမ ရုံးအားလုံးက
စစ်ဆေးတဲ့ အမှုတွေနဲ့ သက်ဆိုင်ပြီး ပုဒ်မ ၁၀၂ ကတော့ "Small Cause Court" က စစ်ဆေးတဲ့
အမှုတွေနှင့်သာ သက်ဆိုင်ပါတယ်။
''Small Cause'' တရားရုံးကို ၁၉၇၄ ခုနှစ် က ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့အပြင် အဲဒီရုံးတွေနဲ့
ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တချို့ကိုလည်း ယခင်ပြင်ဆင်ချက်ဥပဒေများအရ ပယ်ဖျက် ပြင်ဆင်ခဲ့ပြီး
ဖြစ်ပါတယ်။ (မပြင်ဘဲ ကျန်တာတွေလည်း ရှိသေးတယ်)။
၂၀၀၀ ပြည့်နှစ်မှာ ပြင်ဆင်ချက်အရ ပုဒ်မ ၁၀၂ ပါ "Small Cause Courts" နဲ့ဆိုင်တဲ့ စကားလုံး
တွေကိုသာ ဖြုတ်ပယ်ခဲ့ပါတယ်။
အမှန်က ဒီပုဒ်မဟာဓှာ "Small Cause Courts" တွေ သက်သက်အတွက်သာ ပြဋ္ဌာန်းချက်ဖြစ်လို့
ပုဒ်မတစ်ခုလုံးကို ပယ်ဖျက်ခဲ့ရမှာဖြစ်ပေမယ့် မပယ်ဖျက်ခဲ့တဲ့အတွက် ၂၀၀၀ ပြည့်နှစ်က
ပြင်ဆင်ထားတဲ့ ပုဒ်မ ၁၀၀ (၁) (ဃ) နဲ့ အတူတူဖြစ်နေတာကို တွေ့ရပါတယ်။
ဆိုလိုတာက ဥပဒေတစ်ခုတည်းမှာ အကြောင်းအရာ တစ်ရပ်တည်းအတွက် အဓိပ္ပာယ် တူညီတဲ့
ပြဋ္ဌာန်းချက်နှစ်ခုဖြစ်နေတဲ့ အတွက် ဥပဒေပြင်ဆင်ရာမှာ ချွတ်ချော်မှု ရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပါ
တယ်။
ဒါကြောင့် ဒီပုဒ်မပါ ငွေကြေးပမာဏကို ပြင်ဆင်မယ့်အစား ပုဒ်မတစ်ခုလုံးကို ပယ်ဖျက်သင့်တယ်
လို့ မြင်ပါတယ်။
ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၈ ကတော့ တရားမကျင့်ထုံးဥပဒေ၊ ပုဒ်မ ၁၂၆ မှာ "Rules made
under the foregoing provisions shall be subject to the previous approval of the
President of the Union" လို့ ပါရှိတယ်။
အဓိပ္ပာယ်ကတော့ "အထက်ပါ ပြဋ္ဌာန်းချက်များအရ ပြုလုပ်ထားသော နည်းဥပဒေများကို
နိုင်ငံတော်သမ္မတက ကြိုတင်သဘော တူညီပြီးဖြစ်ရမယ်" လို့ ဖြစ်ပါတယ်။
အဲဒီပုဒ်မရဲ့ မူလပြဋ္ဌာန်းချက်မှာ "Rule Committee" က ပြုလုပ်ထားတဲ့ နည်းဥပဒေတွေကို
သက်ဆိုင်ရာ 'ပြည်နယ်အစိုးရ' က ကြိုတင်အတည် ပြုပေးရမယ်လို့ ပါရှိတာကို မြန်မာနိုင်ငံ
လွတ်လပ်ရေး ရတဲ့အခါမှာ အဲဒီခေတ်က အုပ်ချုပ်ပုံစနစ်အရ 'ပြည်နယ်အစိုးရ' အစား
'နိုင်ငံတော်သမ္မတ' ဖြစ်လာတာပါ။
ပြင်ဆင်ချက်ဥပဒေအရ ပြင်ဆင်မယ့် ပုဒ်မ ၁၂၆ နဲ့ ပတ်သက်လို့ ထောက်ပြစရာတွေ ရှိလို့
အောက်မှာအပြည့်အစုံကူးယူ ဖော်ပြပြီး စာရေးသူတွေ့ရှိရတဲ့ ချွတ်ယွင်းချက်တွေကိုလည်း
ဆက်လက်ဖော်ပြလိုက်ပါတယ်။
126. After issuing the rules made under the foregoing provisions, the Supreme
Court of the Union:
(a) Shall distribute and submit such rules to the respective representatives of the
Pyithu Hluttaw and Amyotha Hluttaw at the nearest regular session to enable to
be discussed whether such rules are in conformity with the provisions of relevant
Law or not, and to be resolved in accordance with the provisions contained in
sections 137 and 157 of the Constitution of the Republic of the Union of
Myanmar;
(b) if it is found that such rules are not in conformity with the provisions of
relevant Law, and it is resolved to annul or amend such rules by both Pyithu
Hluttaw and Amyotha Hluttaw, or in case, there is disagreement between them,
it shall be submitted to the Pyidaungsu Hluttaw, and it shall make it in
accordance with the resolution adopted by the Pyidaungsu Hluttaw.
(က) ပြင်ဆင်မယ့် ပုဒ်မရဲ့ ခြေဆင်းမှာပါတဲ့ "The Supreme Court of the Union" နောက်မှာ
"Colon" (:) ထည့်လို့ မရပါဘူး။ အောက်က အပိုဒ်ခွဲတွေနဲ့ ဆက်ဖတ်ရမှာမို့လို့ပါ။ "dash" (-) ကို
ထည့်ချင်ရင်တော့ ထည့်လို့ရတယ်။
(ခ) နောက်ပြီး ပြင်ဆင်မယ့် ပုဒ်မရဲ့ ခြေဆင်းပါ 'The Supreme Court of the Union' ဆိုတဲ့
ကတ္တားပုဒ်နဲ့ အောက်ပုဒ်မခွဲ (a) မှာပါတဲ့ စာပိုဒ်ကို တစ်ဆက်တည်းဖတ်ရမှာဆိုတော့ "shall"
ရေးရမယ့်အစား "Shall" လို့ ရေးထားတဲ့အတွက် သဒ္ဒါနည်း(ထုံးနည်း) မကျဘူးပေါ့။ စာစီအမှားလို့
ပြောနိုင်ပေမယ့် ဥပဒေကို စာစီရာမှာတော့ ဒီလိုအမှားမျိုးပါလို့ မဖြစ်ပါဘူး။
(ဂ) အဲဒီလိုပါပဲ "the Supreme Court of the Union" ဆိုတဲ့ ကတ္တားပုဒ်ကို ပုဒ်မခွဲ (ဘ) နှင့်
ဆက်ဖတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆက်ဖတ်ရင် "After issuing the rules made under the
foregoing provisions, the Supreme Court of the Union if it is found that such
rules are ----" ဆိုပြီးဖြစ်လာမှာဆိုတော့ အဲဒီပုဒ်မခွဲ (b) ပါ ၀ါကျမှားနေတာကို တွေ့ရပါလိမ့်မယ်။
အဲဒီလိုမှားရတဲ့အကြောင်းရင်းကတော့ အဲဒီ ပုဒ်မရဲ့ အပိုဒ်ခွဲ (a) နှင့် (b) မှာပါတဲ့ ၀ါကျနှစ်ခု
အတွက် ကတ္တားပုဒ်မတူညီဘဲနဲ့ ကတ္တားပုဒ် တစ်ခုတည်းကို အပိုဒ်ခွဲ နှစ်ခုပါ ၀ါကျနှစ်ခုစလုံး
အတွက် ဘုံကတ္တားပုဒ် (common subject) အဖြစ် သုံးထားခြင်းကြောင့် ဖြစ်ပါတယ်။ အမှန်က
အပိုဒ်ခွဲနှစ်ခုရဲ့ ကတ္တား ပုဒ်မတူတဲ့အတွက် ဘုံကတ္တားပုဒ်တစ်ခုတည်းနဲ့ အပိုဒ်ခွဲ နှစ်ခုစလုံးကို
ပေါင်းရေးလို့ မရပါဘူး။ သီးခြား ကတ္တားပုဒ်တစ်ခုစီသုံးပြီး ပုဒ်မခွဲ (၁) နဲ့ (၂) အဖြစ် ခွဲခြားရေးရမှာ
ဖြစ်ပါတယ်။
(ဃ) နောက်ပြီး ပြင်ဆင်မယ့် ပုဒ်မရဲ့ ပုဒ်မခွဲ (a) မှာ "Shall distribute and submit'' ဆိုပြီး
စကားလုံးနှစ်လုံးကို တွဲပြီး သုံးထားတာကလည်း မသင့်တော်ပါဘူး။ မြန်မာလို 'ဖြန့်ဝေတင်ပြ'လို့
ရေးထားတာကို ဘာသာပြန်ထားတာလား မသိဘူး။ အင်္ဂလိပ်ဘာသာမှာတော့ အဲဒီကြိယာနှစ်လုံး
ကို ပူးတွဲသုံးလို့ မရပါဘူး။
နောက်ပြီး "respective" ဆိုတာ အဓိပ္ပာယ် 'ငုပ်' နေတယ်။ 'သက်ဆိုင်ရာ' လို့ဆိုလိုတာ
ဖြစ်ရင်လည်း ရှေ့မှာ ညွှန်းထားတဲ့ နာမ်ပုဒ်မရှိတဲ့ အတွက် ဒီနေရာမှာတော့ မမှန်သေးဘူး။
နောက်ပြီး ''relevant Law'' (သက်ဆိုင်ရာ ဥပဒေ) ဆိုတာက ဘယ်ဥပဒေကို ဆိုလိုတာလဲ။
စာလုံးကြီး "L" နှင့် ရေးထားတဲ့ "Law" ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကိုလည်း မတွေ့ရဘူး။
"The Code of Civil Procedure" ကို ဆိုလိုတာဖြစ်ရင်လည်း အဲဒီစကားရပ်ကိုပဲ သုံးစွဲသင့်တာ
ပေါ့။
နောက်ပြီး "to enable to be discussed..." ဆိုပြီး "passive voice" နှင့် သုံးထားတာကလည်း
သဒ္ဒါနည်းအရ မမှန်ဘူး။ "to enable them to discuss whether such rules are..." လို့
သုံးရမှာ မဟုတ်လား။ အဲဒီလိုပါပဲ "and to be resolved" ဆိုပြီး "passive voice" နဲ့
သုံးထားတာကလည်း ကတ္တားပုဒ်နဲ့ မကိုက်ညီတဲ့အတွက်မမှန်ဘူး။ "and to resolve ..." လို့
သုံးရမှာ ဖြစ်တယ်။
ပြင်ဆင်မယ့် ပုဒ်မ ၁၂၆ ရဲ့ ပုဒ်မခွဲ (a) က ၀ါကျတည်ဆောက်ပုံ မှားနေတယ်။ ဒါပေမဲ့ အဲဒီစာပိုဒ်
တစ်ခုလုံးက မလိုအပ်ပါဘူး။ အောက်မှာ ဆက်လက်ဆွေးနွေးပါမယ်။
(င) ပြင်ဆင်မယ့် ပုဒ်မအရ၊ "Rule Comm-ittee" ကပြုလုပ်ထားတဲ့ နည်းဥပဒေတွေကို
လွှတ်တော်တွေကို တင်ပြပြီး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းတဲ့ နည်းလမ်းအတိုင်းဆောင်ရွက်ရမယ်လို့
အဓိပ္ပာယ်ရကြောင်း တွေ့ရှိရပါတယ်။
ဒီနေရာမှာ တရားမကျင့်ထုံး ဥပဒေအရ နည်းဥပဒေတွေကို မပြဋ္ဌာန်းမီက အာဏာတည်ခဲ့တဲ့
၁၈၈၂ ခုနှစ်၊ တရားမကျင့်ထုံးဥပဒေမှာ လက်ရှိဥပဒေမှာလို ''Orders and Rules'' (အမိန့်များနှင့်
နည်းဥပဒေများ)ဆိုပြီး မပါ၀င်ခဲ့ဘူး။
အဓိကပြဋ္ဌာန်းချက်တွေနဲ့ လုပ်ထုံး လုပ်နည်းတွေကိုပါ ဥပဒေပြုအဖွဲ့က တစ်ပါတည်း ပြဋ္ဌာန်းပေးခဲ့
တာဖြစ်လို့ ပုဒ်မပေါင်း ၆၃၀ ကျော်ပါ၀င်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိ ဥပဒေမှာတော့
ပယ်ဖျက်ပြီး ပုဒ်မများ အပါအဝင်ပုဒ်မပေါင်း ၁၅၃ ခုသာပါရှိပြီး နည်းဥပဒေများ (Rules) လို့ခေါ်တဲ့
လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စတွေကိုတော့ နောက်ဆက်တွဲဇယားမှာ အမိန့်များနှင့် နည်းဥပဒေများ
(Orders and Rules) ဆိုပြီး ဥပဒေပြုလွှတ်တော်က တစ်ပါတည်းပြဋ္ဌာန်းပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီအမိန့်တွေ၊ နည်းဥပဒေတွေကို ပြင်ဆင်ဖို့ လိုမယ်ဆိုရင် လိုအပ်သလို
ပြင်ဆင်နိုင်တဲ့အခွင့် အာဏာကိုတော့ ပုဒ်မ ၁၂၂ အရ တရားလွှတ်တော်(High Court)
အသီးသီးကို ပေးအပ်ထားပါတယ်။
ဒါပေမဲ့ အဲဒီခေတ်က အခြေအနေအရတရား လွှတ်တော်အသီးသီးရဲ့ "Rule Committee" တွေက
ပြုလုပ်တဲ့ နည်းဥပဒေတွေကို သက်ဆိုင်ရာပြည်နယ်အစိုးရက ကြိုတင် အတည်ပြုချက်ပေးရမယ်
လို့ ကန့်သတ်ချက်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အခါမှာတော့ 'ပြည်နယ်အစိုးရ'ဆိုတဲ့စကားရပ်ကို 'နိုင်ငံတော်သမ္မတ'
ဆိုတဲ့ စကားရပ်နဲ့ အစားထိုးခဲ့တာပါ။
အမှန်မှာတော့ "Rule Committee" မှာ ထိပ်သီးဥပဒေပညာရှင်ကြီးတွေ ပါ၀င်နေတာပဲ။
ဒီကော်မတီက ပြုလုပ်တဲ့ နည်းဥပဒေကို 'ပြည်နယ်အစိုးရ'က အတည်ပြုပေးဖို့ လိုဦးမှာလား။
မြန်မာနိုင်ငံအတွက် 'သမ္မတ' က အတည်ပြုဖို့ လိုတယ် ဆိုပေမယ့် အမှန်က အဲဒီအချိန်က
အုပ်ချုပ်ပုံ စနစ်အရ အဲဒီတုန်းကရှိခဲ့တဲ့ တရားရေးဝန်ကြီးဌာနက သမ္မတအမည်နဲ့ ဆောင်ရွက်ခဲ့
တာပါ။ အမှန်ကတော့ အဲဒီအချိန်တုန်းကလည်း အဲဒီလိုလုပ်ဖို့ မလိုအပ်ဘဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်ထားတဲ့ နည်းဥပဒေတွေကို လွှတ်တော်(ဥပဒေပြုအဖွဲ့)သို့ ပြန်တင်ပြရမယ်လို့
တော့ သတ်မှတ်ခြင်း မရှိခဲ့ပါဘူး။
(စ) ပြင်ဆင်ချက်ဥပဒေတစ်ခုဟာ အထီးတည်း ရပ်တည်နေနိုင်တာ မဟုတ်ပါဘူး။ ပြင်ဆင်တဲ့
ပုဒ်မ၊ ပုဒ်မခွဲနဲ့ ပြင်ဆင်တဲ့ စကားရပ်တွေကို မူလဥပဒေမှာ ထည့်သွင်း ရမှာဆိုတော့ ပြင်ဆင်ချက်
အားလုံးဟာ မူလရှိပြီး ပြဋ္ဌာန်းချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါတယ်။
ယခုပြင်ဆင်တဲ့ ပုဒ်မ ၁၂၆ ကို တည်ဆဲ မူလပုဒ်မ ၁၂၂ နဲ့ ပူးတွဲ ဖတ်ရှုကြည့်မယ်ဆိုရင် နည်းဥပဒေ
ပြုလုပ်ခွင့်အာဏာကို ပုဒ်မ ၁၂၂ အရ တရားလွှတ်တော်တွေကို လွှဲအပ်ထားပြီး ဖြစ်ပါလျက်
ဒီလိုအာဏာ လွှဲအပ်ချက်အရ ပြုလုပ်ထားတဲ့ နည်းဥပဒေကို (ပြင်ဆင်မယ့်) ပုဒ်မ ၁၂၆ အရ၊
လွှတ်တော် (ဥပဒေပြုအဖွဲ့)ကို ပြန်တင်ရမယ်ဆိုတော့ မိမိက လွှဲအပ်ထားတဲ့ အာဏာကို မိမိက
ပြန်ယူလိုက်တဲ့သဘော ဖြစ်နေတဲ့အတွက် ကိုယ်ပစ် လိုက်တဲ့အရာက ကိုယ့်ဆီပြန်ရောက်လာတဲ့
ကစားစရာ (boomerang) လိုဖြစ်နေတော့တာပေါ့။
(ဆ) အဲဒီလို မဆီမလျော်ဖြစ်ရတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၇ နဲ့ ၁၅၇ တို့ပါ
လွှတ်တော်တွေရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်မယ့် ပုဒ်မ ၁၂၆ မှာ
ကူးယူထည့်သွင်းထားခြင်းကြောင့် ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။
ဒါပေမဲ့လို့ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဥပဒေမှာ ထည့်ရမယ်လို့တော့ မဆိုနိုင်ဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ (ဥပဒေမှာ မဖော်ပြသော်လည်း) သက်ဆိုင်ရာ
လွှတ် တော်တွေကို နည်းဥပဒေတွေ ပို့လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း လိုက်နာ
ဆောင်ရွက်ပြီး ဖြစ်သွားမှာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ဆိုပြီး ဒီဥပဒေမှာလို ဒီပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်း
ရမယ်ဆိုရင် တခြားဥပဒေတွေအားလုံးမှာလည်း အဲဒီလိုထည့်နေကြရတော့မှာပဲ။
ပိုဆိုးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၃၇ နဲ့ ၁၅၇ တွေမှာပါတဲ့ စကားလုံးတွေကိုယူပြီး
ပေါင်းစပ်ထည့်သွင်းရာမှာ 'အစပ်'မတည့်တော့ အထက်အပိုဒ်ခွဲတွေမှာ ဖော်ပြထားသလို
မှားနေတော့တာပေါ့။
ဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါရှိပြီး ဖြစ်တဲ့ ပြဋ္ဌာန်းချက်ကို ဥပဒေ တွေမှာ ထပ်ပြီးထည့်ဖို့
လိုမှာ မဟုတ်ပါဘူး။
(ဇ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၇ နဲ့ ၁၅၇ တို့မှာ 'ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်
ဥပဒေအရပြုသည့် နည်းဥပဒေ' ကို ထုတ်ပြန်ပြီးတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေထံ
ဖြန့်ဝေနိုင်ဖို့အတွက် အဲဒီနည်းဥပဒေ ကို ထုတ်ပြန်တဲ့ အဖွဲ့အစည်းက သက်ဆိုင်ရာ လွှတ်တော်
ဥက္ကဋ္ဌထံ ပေးပို့ရမယ်ဆိုတဲ့ သဘော ပြဋ္ဌာန်းထားတာကို တွေ့ရတယ်။
အဲဒီမှာ 'ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရပြုသည်' ဆိုတဲ့ 'နာမဝိသေသနပုဒ်'
ကတော့ ရှေ့နေတွေရဲ့ မျက်စိတွေထဲကို တန်းတန်းမတ်မတ် ၀င်မသွားဘဲ 'ခလုတ်တိုက်' မိမှာ
သေချာပါတယ်။
'ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ'လို့ဆိုတော့
ပြည်ထောင်စုလွှတ်တော် မပေါ်ပေါက်မီက ရှိပြီးဖြစ်တဲ့ ဥပဒေတွေအရ ပြုလုပ်တဲ့ နည်းဥပဒေတွေနဲ့
မဆိုင်ဘူးလို့ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်နိုင်ဘူးလား။ ဒီတော့ ၁၉၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့
"The Code of Civil Procedure" အရ ပြုလုပ်တဲ့ နည်းဥပဒေ က ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပုဒ်မ ၁၃၇ နဲ့ ၁၅၇ တို့မှာ အကျုံးမဝင်ဘူးလို့ ပြောရင် ပြောတဲ့လူ မလွန်လောက်ပါဘူး။ ဥပဒေ
အားလုံး အကျုံးဝင်စေချင်ရင်တော့ အဲဒီ စကားရပ်အစား 'တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ
ပြုလုပ်သည့် နည်းဥပဒေ'ဆိုပြီး သုံးသင့်တာပေါ့။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံရေးရှုထောင့်၊ ဥပဒေရှုထောင့်ကနေ ပြောစရာတွေရှိတဲ့
အပြင် ဥပဒေရေးထုံးနဲ့ ဥပဒေကို အင်္ဂလိပ်ဘာသာပြန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း
ပြောစရာတွေကို တွေ့နေရတော့ ဒီကိစ္စတွေကို ထားလိုက်ပါတော့။
(ဈ) အမှန်က အထက်အပိုဒ်ခွဲ(ဆ)မှာ ဆွေးနွေးသုံးသပ်ထားတဲ့အတိုင်း ယခုအဆိုပြုထားတဲ့
ပုဒ်မ ၁၂၆ ကို ဖြည့်စွက်ဖို့ မလိုပါဘူး။ တည်ဆဲပုဒ်မ ၁၂၆ က အပိုလို ဖြစ်နေတဲ့အတွက် ပယ်ဖျက်
(delete) လိုက်ရင်လည်း ရပါတယ်။
ပုဒ်မ ၁၂၆ ကို အစားထိုးပြင်ဆင်မှ ဖြစ်မယ်လို့ ယူဆမယ်ဆိုရင်လည်း အဆိုပြုထားတဲ့ ပုဒ်မ ၁၂၆
အစား အောက်ပါတို့အနက်မှ တစ်ခုခု ကို ရွေးချယ်ဖို့၊ ဒါမှမဟုတ်လည်း တခြားနည်း ရေးသားဖို့
အကြံပြုလိုပါတယ်။
''126. After issuing the rules made under the foregoing provisions, the Supreme
Court of the Union shall, as provided in sections 137 (a) and 157 (a) of the
Constitution, submit copies of such rules to the Speakers of the Pyithu Hluttaw
and the Amyotha Hluttaw for distirbution to the Representatives thereof.''
သို့မဟုတ်
''126. After issuing the rules made under the foregoing provisions, the Supreme
Court of the Union shall, in accordance with sections 137(a) and 157 (a) of the
Constitution, distribute copies of such rules to the Representatives of the
Pyithu Hluttaw and the Amyotha Hluttaw."
သို့မဟုတ်
''126. Copies of rules made under the fore-going provisions shall be distributed to
the Representatives of both Pyithu Hluttaw and Amyotha Hluttaw, as the
respective Speaker thereof may direct."
















