မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု တင်စား ခေါ်ဝေါ်သည့် ရန်ကုန်မြို့တော်ကြီးတွင် မှီတင်း နေထိုင်ကြသူ လူဦးရေထူထပ်လာခြင်း၏ အဓိကအကျိုးဆက်အဖြစ် လမ်းမများပေါ်တွင် ခြေကျင်လျှောက်သွားလာသူ လူဦးရေ များပြားလာခြင်းနှင့် ယာဉ်ကြီး/ယာဉ်ငယ်များဖြင့် သွားလာသူ လူဦးရေမှာ ယခင်ကထက် တိုးတက်များပြားလာခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု တင်စား ခေါ်ဝေါ်သည့် ရန်ကုန်မြို့တော်ကြီးတွင် မှီတင်း
နေထိုင်ကြသူ လူဦးရေထူထပ်လာခြင်း၏ အဓိကအကျိုးဆက်အဖြစ် လမ်းမများပေါ်တွင်
ခြေကျင်လျှောက်သွားလာသူ လူဦးရေ များပြားလာခြင်းနှင့် ယာဉ်ကြီး/ယာဉ်ငယ်များဖြင့်
သွားလာသူ လူဦးရေမှာ ယခင်ကထက် တိုးတက်များပြားလာခဲ့သည်။
ယင်းတို့နှင့် ဆက်စပ်ပြီး ယာဉ်ကြောများ ပိတ်ဆို့ကာ သွားလာရေး အဆင်မပြေဖြစ်ခြင်းက
လက်ရှိ ရန်ကုန်မြို့၏ ခရီးသွားလာရေးကဏ္ဍကို ခြိမ်းခြောက်လျက်ရှိပေသည်။
ထို့ပြင် လူသွားစင်္ကြံပလက်ဖောင်းများ ပေါ်တွင် ရောင်းချနေကြသော ဈေးသည်များ၏ စည်းကမ်းမဲ့
မှုကြောင့် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြောကျပ်တည်းမှုများနှင့် ယာဉ်အန္တရာယ်များ နေ့စဉ်လိုလို
ဖြစ်ပေါ်လျက်ရှိနေပြီး ခရီးသွားပြည်သူများနှင့် ဈေးသည်များအကြား ခိုက်ရန်ဖြစ်ပွားမှုများလည်း
မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။
၎င်းပြင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကလည်း မှတ်တိုင်မဟုတ်သည့် လမ်းဆုံနေရာများတွင်
ရပ်နားကာ လူအတင်အချပြုလုပ်ခြင်းနှင့် ခရီးသည်များကို စောင့်ဆိုင်းတင်ဆောင်ခြင်း၊ သတ်မှတ်
မှတ်တိုင်တွင် မရပ်ခြင်း၊ လူစည်ကားရာလမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်ရှိ လူသွားစင်္ကြံပေါ်
တွင်သာမက လမ်းမများပေါ်တွင်ပါ ကားများ အစီအရီရပ်ထားခြင်းနှင့် လမ်းဘေးဈေးသည်များက
ပလက်ဖောင်းပေါ်တွင်သာမက လမ်းမများပေါ်အထိပါ ခုံများ အပြည့်ချကာ ဈေးရောင်းချခြင်းများ
ကလည်း ယာဉ်ကြော ပိုမိုရှုပ်ထွေးစေသည်။
ဈေးသည်များ ပိတ်ဆို့နေသည့်အတွက် ခြေကျင်လျှောက်သွားလာသူများအနေဖြင့် လမ်းမပေါ်သို့
ဆင်းကာ လမ်းအသုံးပြုသွားလာခြင်းကြောင့် ခြေကျင်လျှောက်လမ်းအသုံးပြုသူများနှင့် ကားများ
အကြား ယာဉ်အန္တရာယ် ဖြစ်ပွားမှုကို နေ့စဉ်တိုးပွားစေသည်။
မည်သို့ဆိုစေ အများပြည်သူ၏ လူနေမှု ဘဝလုံခြံုရေး၊ တိုးတက်ရေးအတွက် လူသွားလမ်း
ပလက်ဖောင်းများကို စနစ်တကျပြုပြင် ထိန်းသိမ်းတည်ဆောက်နေသကဲ့သို့ လမ်းအသုံးပြုသူ
ပြည်သူများအနေဖြင့်လည်း စည်းကမ်းနှင့်အညီ အသုံးပြုစေရေး၊ သက်ဆိုင်ရာကလည်း
သတ်မှတ်စည်းကမ်းနှင့်အညီ လမ်းအသုံးပြုနိုင်ရေးအတွက် လူကူးမျဉ်းကျားများ ထားရှိရေး၊
ယာဉ်သွားယာဉ်လာ ကောင်းမွန်စေရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးခြင်း
အပါအဝင် စီးပွားရေးအရ ပတိရူပဖြစ်သည့် ရန်ကုန်မြို့သည် အခြား နေထိုင်၊ စားသောက်ရေး
အတွက်ပါ ပတိရူပဖြစ်သည့် အရပ်ဒေသဖြစ်စေရေးအတွက် မြို့နေပြည်သူတစ်ဦးတစ်ယောက်ချင်း၊
တစ်ဖွဲ့ ချင်းမှစ၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အားလုံး ၀ိုင်းဝန်းကြိုးပမ်းရန် လိုအပ်နေပြီ
ဖြစ်သည်။
















