ပီအာရ်ကိစ္စ သူရဦးရွှေမန်း၏ နိုင်ငံရေးလှည့်ကွက်ဟု သုံးသပ်

ပီအာရ်ကိစ္စ သူရဦးရွှေမန်း၏ နိုင်ငံရေးလှည့်ကွက်ဟု သုံးသပ်

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့ လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြု စနစ်ကို အခြေခံတဲ့ အမတ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သတ်တဲ့ အဆိုတစ်ခု အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့ လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြု စနစ်ကို အခြေခံတဲ့
အမတ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သတ်တဲ့ အဆိုတစ်ခု အတည်ပြုခဲ့ပါတယ်။

နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ သူရ ဦးရွှေမန်းရဲ့ ပရိယာယ်
ကြွယ်ဝတဲ့ နိုင်ငံရေး လှည့်ကွက်တစ်ခုဖြစ်ပြီး ရှေ့တစ်လှမ်း တိုးဖို့ နောက်နှစ်လှမ်းဆုတ်လိုက်တယ်
လို့ သုံးသပ်ပါတယ်။

မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ သူရ ဦးရွှေမန်းဟာ ဦးအောင်ဇင်
အဆိုကနေ ကော်မရှင် ဖွဲ့ဖို့ အားလုံးအတည်ပြုထောက်ခံအောင် လုပ်ခဲ့တာဖြစ်ပြီး အဆိုကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကိုယ်စားလှယ်တွေ ထောက်ခံခဲ့တဲ့အတွက် ဒီကော်မရှင်မှာ
ဒီချုပ်အနေနဲ့ ပါ၀င်စေမယ့် သဘောသက်ရောက်စေတယ်လို့ သုံးသပ်ပါတယ်။

ဒီချုပ်ပါ၀င်တဲ့ ကော်မရှင်အစီရင်ခံစာကို မူတည်ပြီး ပီအာရ် စနစ်ကို ကျင့်သုံးဖို့ သင့်၊ မသင့်
မဲခွဲဆုံးဖြတ်စေလိုတဲ့ သဘောပါပဲ။

ဒါပေမဲ့ အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူးလို့ သူက ခန့်မှန်းပါတယ်။

"အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ စနစ်ကို သွားမယ့်လမ်းမှာ ဒီချုပ်ကိုပါ တွဲခေါ်လိုက်တဲ့
ပရိယာယ်ကြွယ်တဲ့ နိုင်ငံရေး ခြေလှမ်းလို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက အမျိုးသားလွှတ်တော်
မှာ ဖြစ်ခဲ့တဲ့ ကော်မရှင်ဖွဲ့တာ၊ ကော်မရှင်ကနေ ဒီချုပ်ကိုယ်စားလှယ်တွေ ထွက်တာကို ချက်ချင်း
သင်ခန်းစာယူပြီး အခုလို ပုံဖော်လာတယ်လို့ မြင်ပါတယ်။ ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်
ပါ၀င်စေတာအထိလည်း လုပ်ကောင်းလုပ်လာနိုင်တယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော်မရှင်ဖွဲ့စည်းဖို့ ပါတီရဲ့ ထောက်ခံမှုက သူရဦးရွှေမန်း
ကော်မရှင်ဖွဲ့စည်းရေး အဆိုကိုပဲ ထောက်ခံတာဖြစ်တဲ့အကြောင်းကိုလည်း ကိုယ်စားလှယ်အားလုံး
လက်မှတ် ရေးထိုးပြီး တင်ပြမယ်လို့ဆိုပါတယ်။

ရခိုင်အမျိုးသား တိုးတက်ရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကတော့
လုပ်ထုံးလုပ်နည်းတွေကို မဝေဖန်လိုဘဲ အဆိုကို လွှတ်တော်မှာ မဆုံးဖြတ်ဘဲ ကော်မရှင်ဖွဲ့စည်း
လိုက်တာက တိုင်းရင်းသားတွေအတွက် အသက်ရှူချောင်စေတယ်လို့ ဆိုပါတယ်။

"အလားအလာကတော့ ၂၀၁၅ မှာ အရောအထွေး(ပီအာရ်နှင့် မဲအများစု အနိုင်ရစနစ် ပေါင်းစပ်
ထားသည့် စနစ်) ဖြစ်ဖို့များတယ်။ မလွဲဘူး။ မူအရ အချိုးကျ စနစ်ကိုတော့ ရွေးကောက်ပွဲမှာ
ထည့်သုံးဖို့ သဘောတူလိုက်ပြီ။ သုံးမယ့် ပမာဏ အချိုးအစားကိစ္စတွေကတော့ ဥပဒေသစ်
ဆွဲတဲ့အခါမှာ ကော်မရှင်က လေ့လာပြီး တင်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်မှာကိုး။
ဆုံးဖြတ်မယ်ဆို ရောထွေးစနစ်ဖြစ်ဖို့ အလားအလာရှိပါတယ်"လို့ အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က ပြောပါတယ်။

"ပြည်ထောင်စု တင်လည်း အတည်ဖြစ်မှာပဲ။ ဒါအင်အားနဲ့ အနိုင်ယူသလို ဖြစ်နေတယ်နော်။
ကျွန်တော်တို့ ဆန္ဒမပါဘဲ လုပ်လို့ကတော့ နိုင်ငံအတွက် ဆုံးရှုံးမှု ဆိုးကျိုးတစ်ခုဖြစ်လာမှာကို
စိုးတယ်။ တကယ်လို့ လွှတ်တော်မှာ အတည်ပြုရင်လည်း မြေပြင်မှာ ပြည်သူ့အားနဲ့ ဦးတို့က
ကန့်ကွက်သွားမယ်" လို့ ဦးဖေသန်း ကဆိုပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021