ယာဉ်ကြောကျပ်တဲ့ပြဿနာ လုပ်သင့်တာလုပ်၊ ကိုယ်ကျိုးတွေတော့ မလုပ်ပါနဲ့

ယာဉ်ကြောကျပ်တဲ့ပြဿနာ လုပ်သင့်တာလုပ်၊ ကိုယ်ကျိုးတွေတော့ မလုပ်ပါနဲ့

အခုနောက်ပိုင်း ရန်ကုန်က ယာဉ်ကြောကျပ်တဲ့ ပြဿနာ ဘယ်သူမှ ပေါ့ပေါ့ဆဆ မတွေးကြတော့ပါဘူး။ ပြဿနာတွေ ဖြေရှင်းပေးဖို့ သူ့အပိုင်းနဲ့ သူ တောင်းဆိုကြသလို၊ တာဝန်ရှိသူတွေဘက်ကလည်း ဖြေရှင်းဖို့ ကြိုးစားနေတာ တွေ့မြင်ရပါတယ်။

အခုနောက်ပိုင်း ရန်ကုန်က ယာဉ်ကြောကျပ်တဲ့ ပြဿနာ ဘယ်သူမှ ပေါ့ပေါ့ဆဆ
မတွေးကြတော့ပါဘူး။ ပြဿနာတွေ ဖြေရှင်းပေးဖို့ သူ့အပိုင်းနဲ့ သူ တောင်းဆိုကြသလို၊
တာဝန်ရှိသူတွေဘက်ကလည်း ဖြေရှင်းဖို့ ကြိုးစားနေတာ တွေ့မြင်ရပါတယ်။

အခုနောက်ဆုံး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာတောင် ယာဉ်ကြောပိတ်ဆို့တဲ့
ပြဿနာ ဖြေရှင်းပေးဖို့ အဆိုတင် တောင်းဆိုတာ ရှိခဲ့ပါတယ်။

ယာဉ်ကြောကျပ်တည်းမှု ပြဿနာနဲ့ ပတ်သက်ပြီး တကယ် မဖြစ်မနေ ဖြေရှင်းပေးဖို့ လိုတာက
ဘာတွေလဲ၊ လက်ရှိ အာဏာပိုင်တွေ ဖြေရှင်းဖို့ ကြိုးစားတဲ့ဆီမှာ ကိုယ်ကျိုးစီးပွား ပြဿနာ
တွေရော ပါနေသလားဆိုတာ ဆွေးနွေးကြည့်ကြရအောင်။

ရန်ကုန်ယာဉ်ကြောကျပ်လို့ ဒုက္ခရောက်ရတာကိုတော့ လူတိုင်း ညည်းညူနေကြပါပြီ။ ဒါပေမဲ့
စနစ်တကျ စစ်တမ်းကောက်ယူပြီး လူတစ်ယောက်ချင်း၊ ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုချင်းနဲ့ နိုင်ငံ့
ဂျီဒီပီအပေါ် ထိခိုက်မှုရှိနေတယ်ဆိုပြီး ဆန်းစစ်တာမျိုးတော့ မတွေ့ရသေးပါဘူး။

အခုနောက်ပိုင်း ယာဉ်ကြောကျပ်လို့ ကားမောင်းသူတွေ၊ ကားစီး၊ ဘတ်စ်ကားစီးပြီးအလုပ်ဆင်း
ရုံးတက်ရသူတွေ အချိန်ဘယ်လောက် အလဟဿဖြစ်ကုန်တယ် ဆိုတာတင်မက လူ၊
စိတ်ပင်ပန်းနွမ်းလျပြီး အလုပ်ခွင်ထဲရောက်၊ စိတ်မရွှင်မပျနဲ့ အလုပ်လုပ်ရလို့ လုပ်နိုင်စွမ်းအား
ကျဆင်းတဲ့ ပြဿနာတွေကိုတောင် ပြောလာကြပါပြီ။

ဒါလည်းမှန်ပါတယ်။ စင်ကာပူ ကျွန်းနိုင်ငံ မလေးရှားကနေ ခွဲထွက် လွတ်လပ်ရေးရပြီးနောက်
၀န်ကြီးချုပ် လီကွမ်ယူး ပထမဦးဆုံး လုပ်တဲ့ အလုပ်ထဲမှာ အစိုးရ ရုံးတွေကို အဲကွန်း တပ်ပေးတဲ့
အလုပ်လည်း ပါပါတယ်။

အဲဒီအချိန်တုန်းက အဲကွန်းတွေဆိုတာ ခေတ်လည်း သိပ်မစားသေးသလို၊ ဈေးလည်း ကြီးပါတယ်။
အဲကွန်းတပ်ပြီး နောက်ပိုင်း သူ့အစိုးရရုံးတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအား အများကြီး တက်လာတယ်
လို့ လီကွမ်ယူးက သူ့ရဲ့ စာအုပ်မှာ အမှတ်တရ ဖော်ပြဖူးပါတယ်။

ရန်ကုန်ယာဉ်ကြောကျပ်တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း မြန်မာနိုင်ငံ
ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ့ငြ်္ဃဃှု ရုံးခန်းမှာ ဒုတိယ အကြိမ်မြောက်
ဆွေးနွေးပွဲ ကျင်းပခဲ့ပါသေးတယ်။

ပထမအကြိမ် အစည်းအဝေးတုန်းက ဖြေရှင်းရမယ့် အချက် ၂၂ ချက်တွေ့ထားတယ်လို့
ဆိုပါတယ်။

အဲဒီအထဲမှာ ကားပါကင် ပြဿနာ၊ လမ်းတွေ ပြုပြင်ဖို့ ပြဿနာ၊ ကျောင်းတွေရှေ့မှာ ကားကျပ်တဲ့
ပြဿနာ၊ ရန်ကုန်မှာ ကားအရည်အတွက် များလာတဲ့ ပြဿနာ၊ ဘတ်စ်ကားတွေ တစ်စီးပိုင်ရှင်
တစ်ယောက် ဖြစ်နေပြီး ပြန့်ကျဲနေတဲ့ ပြဿနာစတာတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

ဒီ ပြဿနာတွေအနက် တချို့မှာ ကိုယ်ကျိုးစီးပွား ပါ၀င်နေတာ တွေ့နိုင်ပါတယ်။

ရန်ကုန်က ကျောင်းတွေရှေ့ ကားကျပ်တဲ့ ပြဿနာဖြေရှင်းဖို့ဆိုပြီး တစ်ဦးချင်း ကိုယ်ပိုင်ကားနဲ့
လာကြိုတာတွေ မရှိအောင် လုပ်မယ်၊ လက်ရှိ ကျောင်းကားအဖြစ် ပြေးဆွဲနေတဲ့ လိုက်ထရပ်စ်
ကားကြီးတွေအစား ပိုကောင်းတဲ့ ဟိုင်းအေ့စ်၊ လိုက်အေ့စ်၊ မီနီဘတ်စ်လို ကားမျိုးတွေနဲ့ ပြေးဆွဲဖို့
လုပ်မယ်ဆိုတဲ့ အစီအစဉ်မျိုး အာဏာပိုင်တွေဘက်က ပြောလာပါတယ်။

တကယ်တော့ ဒီပြဿနာဖြေရှင်းရာမှာ ကျောင်းတွေရှေ့မှာ လာရပ်တဲ့ ကိုယ်ပိုင်ကားတွေကို
စည်းကမ်းနဲ့ မညီရင် မညီဘူး ပြတ်ပြတ်သားသား အရေးယူဖို့ပါပဲ။

ဒီလို အရေးယူနိုင်ရင် ကိုယ်ပိုင်ကားနဲ့ လာကြိုသူတွေ ကျောင်းကား ရှာပါလိမ့်မယ်။ အဲဒီအခါ
အဆင့်မြင့် မီနီဘတ်စ်လို ကားတွေနဲ့ ကျောင်းကား ဆွဲတဲ့ လုပ်ငန်းလည်း ဈေးကွက်သဘောအရ
ထွန်းကားလာပါလိမ့်မယ်။

မဆီမဆိုင် လူ လတ်တန်းစားတွေအတွက် ဈေးနှုန်း သင့်သင့်တင့်တင့်နဲ့လက်ရှိ ပြေးဆွဲနေတဲ့
လိုက်ထရပ် ကျောင်းကားတွေကို ပိတ်ပင်တားမြစ်ဖို့ လုံးဝ မလိုပါဘူး။

လက်ရှိ အာဏာပိုင်တွေ ပြောနေသလို အဲဒီ ကျောင်းကားတွေကြောင့် ကျောင်းသူကျောင်းသား
တွေ အန္တရာယ် ဖြစ်ရတယ် ဆိုတဲ့ သတင်းတစ်စုံတစ်ရာ မကြားမသိရပါဘူး။

ဒီအတွက် ယာဉ်ကြောကျပ်တာကို အကြောင်းပြုပြီး လက်ရှိ ကျောင်းကားတွေကို ပိတ်၊
မီနီဘတ်စ်လို ကားကောင်းကောင်း အသုံးပြုနိုင်တဲ့ ကုမ္ပဏီတွေပဲ ကျောင်းကား ဆွဲစားဆိုတာ
မျိုးကတော့ ကိုယ်ကျိုးပြဿနာတွေ ပါမယ်လို့ ခန့်မှန်းရပါတယ်။

အလားတူ ရန်ကုန်မှာ ကားတွေ များလာတာနဲ့ ပတ်သက်ပြီး ပြည်ပကနေ ကားတင်သွင်း
ရောင်းချနေတဲ့ ကုမ္ပဏီတွေက ပြည်သူတစ်ဦးချင်း ကားသွင်းခွင့်ပါမစ် ထုတ်ပေးနေတာကို
ရပ်ဆိုင်းသင့်ကြောင်း အစိုးရကို ဘေးတီးနေကြပါတယ်။

အဲလို သွင်းခွင့်ပေးလိုက်လို့ ရန်ကုန်မှာ ကားအရည်အတွက်များပြီး ယာဉ်ကြောကျပ်နေတာလို့
ဆိုပါတယ်။

တကယ်တော့ ကားတင်သွင်းခွင့် များများ ခွင့်ပြုလိုက်လို့ ရန်ကုန်မှာ ကားများလာတယ်ဆိုတာ
တိုက်ရိုက် မသက်ဆိုင်ပါ။

ကားတင်သွင်းတယ် ဆိုတာ တစ်နိုင်ငံလုံးအတွက် တင်သွင်းနေတာမို့ ကားတင်သွင်းခွင့်မှာ
ကျပ်လိုက်ရင် ကားဈေးတွေ တက်ကုန်ပြီး အဲဒီ ကုမ္ပဏီတွေပဲ ပွပေါက်တိုး အကျိုးရှိသွားစေမှာပါ။

ကားဈေးတက်ရင် နယ်က ပြည်သူတွေ ကားဝယ်မစီးနိုင်ဖြစ်သွားပါလိမ့်မယ်။ လက်ရှိအခြေအနေ
မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပြည်သူတွေရဲ့ ကားပိုင်ဆိုင်မှု အချိုးအစား အနိမ့်ဆုံး
နိုင်ငံ ဖြစ်နေပါသေးတယ်။

နောက်ထပ် ကားတွေ အများကြီး သွင်းခွင့်ပြုဖို့ လိုနေပါသေးတယ်။

ဒီပြဿနာ တကယ့်တကယ် လုပ်ရမှာက ရန်ကုန်မှာ ကားအရည်အတွက် နည်းသွားအောင်
ကြံဆဖို့ပါ။

ဥပမာ ရန်ကုန်မှာ မောင်းခွင့်ရှိတဲ့ ကားလိုင်စင်ကြေးကို အများကြီးမြှင့်လိုက်တာမျိုး၊ ရန်ကုန်မှာ
ကားရပ်ခွင့်၊ ပါကင်အတွက် ဈေးနှုန်း ခပ်မြင့်မြင့် သတ်မှတ်တာမျိုး စသဖြင့် လုပ်နိုင်ပါတယ်။

ဒီလိုနည်းနဲ့ ရန်ကုန်နဲ့ အနေတော် ကားအရည်အတွက် ဖြစ်လာအောင် လျှော့ချတဲ့နည်းပါ။

ရလာတဲ့ အခွန်ငွေတွေကို ရန်ကုန်က ခုံးကျော်တံတားလို တည်ဆောက်ရေး လုပ်ငန်းတွေမှာ
သုံးနိုင်ပါတယ်။

အခုဆို ဘတ်စ်ကားတွေဟာ တစ်စီးတစ်ယောက်ပိုင်၊ လိုင်းတစ်လိုင်းမှာ ကားပိုင်သူ
အများအပြားဖြစ်၊ ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေဟာ မြင့်မားတဲ့ အုံနာကြေး ပေးနိုင်ဖို့၊
ငွေရအောင် တစ်စီးနဲ့ တစ်စီး အပြိုင်မောင်း၊ လုမောင်း၊ ဂိတ်မှာ အကြာကြီးရပ်ပြီး လူတင် စတဲ့
ပြဿနာ ဖြေရှင်းဖို့ ပြောဆိုနေကြပါပြီ။

ဒီနေရာမှာလည်း ကုမ္ပဏီကြီးတွေ ၀င်လာဖို့ကိုပဲ စဉ်းစားရင် မသင့်ပါဘူး။ လက်ရှိ အဓိပတိ၊
ရွှေဧည့်သည် ယာဉ်လိုင်းတွေဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက်တည်းပါ။

အဲဒီ ကုမ္ပဏီက ပြေးဆွဲတဲ့ ကားလိုင်းတွေကို ဒရိုင်ဘာနဲ့ စပယ်ယာတွေကို လစာပေးတဲ့ စနစ်၊
စံပြ အဖြစ် ကျင့်သုံးခိုင်းသင့်ပါတယ်။

နောက်တစ်ဆင့်ကျမှ ပြန့်ကျဲနေတဲ့ ဘတ်စ်ကားပိုင်ရှင်တွေကို ယာဉ်လိုင်းအလိုက် စုစည်းပြီး
အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းလုပ်ကိုင်စေတာမျိုး ဖြစ်သင့်ပါတယ်။

ယာဉ်ကြောကျပ်တာကို အကြောင်းပြုပြီး ပုဂ္ဂလိက ဘတ်စ်ကားပိုင်ရှင်တွေကို ပြေးဆွဲခွင့် ရုပ်သိမ်း၊
ကုမ္ပဏီအလိုက်ပဲ ပြေးဆွဲခွင့်ပြုမယ် ဆိုတာမျိုးလုပ်ဖို့တော့ မသင့်တော်ပါဘူး။

တကယ့်တကယ် ယာဉ်ကြောကျပ်တည်းမှု ပြဿနာမှာ အဓိက လုပ်သင့်တာက ကားပါကင်
မရှိတဲ့ ပြဿနာ ဖြေရှင်းရေးပါ။

ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုကြောင့် လက်ရှိ တည်ဆောက်
ထားတဲ့ တိုက်ခန်းတွေမှာလည်း ကားပါကင် လောက်လောက်လားလား ရှိမနေပါဘူး။

ဒီအတွက် လိုအပ်ချက်ရှိတဲ့ နေရာတိုင်းမှာ ကားပါကင်တွေ အမြန်ဆောက်ပေးဖို့ လိုနေပါတယ်။

အဓိကကတော့ မြေနေရာပါ။ ရန်ကုန်မှာ မြေလွတ်၊ အသုံးချလို့ ရတာဆိုလို့ ၀န်ကြီး ဌာနပိုင်၊
စစ်တပ်ပိုင်တွေ ရှိကြပါတယ်။

၀န်ကြီးတွေ စစ်ဗိုလ်ချုပ်တွေကလည်း သူတို့ဌာနပိုင် အဲဒီမြေနေရာတွေကို ဘိုးဘွားပိုင်တွေသဖွယ်
သဘောထားနေကြတာမို့ ကားပါကင်ဆောက်မယ့် ကိစ္စမျိုး မပေးလိုကြပါဘူး။

ဒီလိုနဲ့ အဓိက အကျဆုံးဖြစ်တဲ့ ကားပါကင် ဖော်ထုတ်ရေး ပြဿနာ မပြေလည်နိုင်ဖြစ်နေတာပါ။

ကားပါကင်တွေ မဖော်ထုတ် မတည်ဆောက်ဘဲနဲ့ ရန်ကုန်က ယာဉ်ကြောကျပ်တဲ့ ပြဿနာ
ကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ဒီအတွက် အာဏာပိုင်တွေအနေနဲ့ လုပ်သင့်တာတွေ လုပ်ကြပါ၊ ဒီလုပ်ငန်းတွေ လုပ်စဉ်မှာ
ယာဉ်ကြောကျပ်တဲ့ ပြဿနာကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာဖို့ ကြိုးစားတာမျိုးကိုတော့
ခွင့်မပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021